
Nya Min Khyal Ta Khon ည မင်း ကြယ် တံ ခွန် 👦အပျော်နဲ့ပျော်ရွှင်မှု့👧 ခေါင်းစဉ်တပ်ထားတာတော့ ကြာပါပြီ ၊ ရေးမယ် ရေးမယ်နဲ့မလှည့်နိုင်ခဲ့ဘူး ၊ ပထမဦးဆုံး(အချစ်စိတ်ဘယ်လိုဖြစ်ပေါ်လာလဲပေါ့. . . ?) မေးသင့်တဲ့ မေးခွန်းပါ ၊ (အချစ်စိတ်ဆိုတာ ဘယ်လိုဖြစ်ပေါ်လာလဲ ) အမျိုးမျိုးဖြစ်ပေါ်လာတတ်တယ် ။ အချစ်စိတ်ဆိုတာ လျှပ်စီးတခုလိုပါပဲ မြန်ဆန်တယ် ၊ အမှတ်မထင် ဖြစ်ပေါ်လာတာပါ ၊ အချိန်ကြာလာမှ ဖြစ်ပေါ်လာတာမဟုတ်ဘူး ၊ စဉ်းစား တွေးခေါ်ပြီးမှ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး ၊ ( ဒီနေရာမှာ တစ်ခုသတိပြုဖို့က ___ မြန်ဆန်တယ်ဆိုတာနဲ့ အခုတွေ့ အခုချစ်လဲမဟုတ်ပါဘူး ၊ အခုတွေ့ အခုချစ်ဆိုတဲ့ အချစ်စိတ်မျိုးကတော့ ရှိတော့ရှိကြပါတယ် များသောအားဖြင့်ရှားပါတယ် ၊ ယောက်ကျာင်္းလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် သူတို့ရင်ထဲမှာ အချစ်စိတ်တခု ဖြစ်ပေါ်လာဖို့ဆိုတာ ခက်လဲခက်ခဲသလို ၊ လွယ်ကောင်းလဲလွယ်နိုင်ပါတယ် ၊ ကိုယ် ပစ်လွှတ်လိုက်တဲ့ မြားတစ်စင်းကို ကိုယ်ပြန်ဖမ်းလို့ မိချင်မိမယ် ကိုယ့်အချစ်စိတ်ကိုတော့ ကိုယ်ပြန်ဖမ်းမိဖို့နေနေသာသာ နေ့ခင်းကြောင်တောင် ဓာတ်မီးနဲ့လိုက်ထိုးရှာတာတောင်မှ တွေ့နိုင်မှာမဟ...