သနပ်ခါးနဲ့မျက်ရည်
 ညမင်းကြယ်တံခွန်

သစ်ခြောက်အို ပင်ငုပ်တိုလို
မရွှင်ရုပ်ကိုဖော်ကြူး
ဒီရင်ခွင်မှာ မပျော်ဖူးသလိုနဲ့
ကျောခိုင်းခဲ့တယ် ။

သွားတော့မယ်ဆိုပြီး
လက်ပြခဲ့တာ နင်
ရူးတော့မယ်ဆိုပြီး
ကျန်ရစ်ခဲ့တာ ငါ
အတွေးပြာချလို့
ဆွေးစရာကျန်ရစ်နေသမျှတော့
နင်ကို ငါ . . . . .
အချိန်မှန်မှန် လွမ်းနေပါ့မယ် ။

နင်နဲ့ငါဟာ တကယ်တော့
သနပ်ခါးနဲ့မျက်ရည်လိုပဲ
ချစ်ခြင်းကိုလှပအောင် ငါဖန်တီးမွမ်းမံခဲ့ပေမယ့်
နင့် မျက်ရည်ကြောင့်
 သနပ်ခါးပျက်ခဲ့ရတယ် ။

Comments

Popular posts from this blog