ဒဏ္ဍာရီရဲ့ပုံပြင်ဟောင်း
                       ညမင်းကြယ်တံခွန်

ခန္ဓာကိုယ်မှာ . . . .
မီးလျှံတွေ မီးဟုန်တွေလောင်မြိုက်ကျွမ်းခံနေရတဲ့
လူနှစ်ယောက် . . .
အားသွန်လို့ ပြေးရင်းနဲ့ ငြိမ်းပေးမယ့်သူကို
ပြေးလွှားရှာဖွေကြလို့ပေါ့
တောနက်ရဲ့တစ်နေရာရောက်တော့
မြစ်ဝမ်းရေပြင်နက်ကြီးတစ်ခု
တွေ့သွားတယ်
ပထမလူက သူ့ခန္ဓာကိုယ်မှာလောင်ကျွမ်းနေတဲ့
မီးလျှံ မီးဟုန်တွေကို ငြိမ်းဖို့
ထိုမြစ်ဝမ်းရေပြင်နက်ကြီးထဲ ခုန်ဆင်းချလိုက်တယ်
ခဏကြာတော့ . . .
ပထမလူ ကုန်းပေါ်ကို ရေကူးပြီး
ပြန်တတ်လာနိုင်ခဲ့တယ် . .
အေးချမ်းစွာဖြင့် ဆက်လျှောက်လှမ်းသွားတယ်။
ထို့အတူ . . .
ဒုတိယလူဟာလဲ ထိုမြစ်ဝမ်းရေပြင်နက်ကြီးကို
တွေ့ပြီးနောက် . . . .
သူ့ခန္ဓာမှာ လောင်ကျွမ်းနေတဲ့
မီးလျှံ မီးဟုန်တွေကိုငြိမ်းဖို့
ထိုမြစ်ဝမ်းရေပြင်နက်ကြီးထဲသို့
ခုန်ချခဲ့တယ် . . . သို့သော်ငြားလဲ
ဒုတိယလူဟာ ပထမလူလိုရေမကူးတတ်ပေ
သူ့ခန္ဓာကိုယ် အပူငြိမ်းသွားဖို့အတွက်သာ
မြစ်ဝမ်းရေပြင်နက်ထဲ ခုန်ချဆင်းသော
ဒုတိယလူဟာ . . . ပထမလူလို
ကုန်းပေါ်သို့ ပြန်မတတ်နိုင်ခဲ့ပေ
အပူမီးတွေကို ငြိမ်းဖို့ရေထဲခုန်ချကာမှ
ထိုရေပြင်ဟာ အပူတင်မက သူရဲ့အသက်ကိုပါ
ငြိမ်းပေးလိုက်တယ် ။
ပုံပြင်ရဲ့အဆုံးသတ်မှာတော့ . . .
ဘဝဆိုတာ မီးလောင်ကျွမ်းနေတဲ့
ရှင်သန်ခြင်းတခုဖြစ်တယ်
ဘယ်အရာမှ ကောင်းခြင်းဆိုတဲ့ တခုတည်းသော ခံစားမှု့ကို
မပေးစွမ်းနိုင်ပါဘူး မိတ်ဆွေ
အရာရာတိုင်းရဲ့ အကျိုးရလဒ်ဟာ
ကောင်းခြင်း ၊ ဆိုးခြင်း တွဲယှက်နေတယ်
ကျွမ်းကျင်နေသူအတွက်တော့ . . .
မှားသည့်လမ်းကို. . . .
အောင်မြင်ခြင်းရဲ့ဖြတ်လမ်းတခုအနေနဲ့
သူ အသုံးချပြီး ဆက်လျှောက်နေလိမ့်မယ်။


Comments

Popular posts from this blog