Nya Min Kyal Ta Khon
ည မင်း ကြယ် တံ ခွန်
မာရ်နတ်များနှင့်ကခုန်ခြင်း
မှန်ထဲမှာ ကိုယ့်ကိုယ်ကို ကြည့်တတ်ရုံနဲ့တော့
ဘဝဆိုတာကြီးက မတင့်တယ် မလှပဘူး ။
လူနှစ်ယောက်အတူ လမ်းပျောက်တဲ့အခါ
တစ်ယောက်နဲ့တစ်ယောက် စည်းလုံးပြီး
ညီညာကြတယ် . .
ဒါပေမယ့် . . .
တစ်ယောက်ထဲ လမ်းပျောက်နေတဲ့အခါ
ဘယ်သူမှ လာမစည်းလုံးဘူး ။
အမှောင်ထဲရောက်မှတော့ အမှိုက်တွေကို
မြင်နိုင်ပါအုန်းမလား . . . . ?
စမ်းတဝါးဝါးနဲ့ မဝံ့မရဲလျှောက်လာလိုက်တာ
ဘယ်အချိန် သက္ကရာဇ်တခုကို
မြေမြုပ်ခဲ့ပြီးပြီးလဲဆိုတာ
လာမမေးနဲ့ . . . .
ကိုယ် မဖြေချင်ဘူး သက်လျာ ။
အလယ်တည့်တည့်ကနေပဲ
ကိုယ် လျှောက်တယ်
ဟိုဘက်ဘေးကပ်လိုက် ဒီဘက်ဘေးကပ်လိုက်နဲ့
လျှောက်နေရင် . . . .
ကမ္ဘာ့ကြီး ဗိုက်ပူမှာစိုးလို့ ။
ခွေးတစ်ကောင် လေးဘက်သွားလို့
ပေါ်ပြူလာ မဖြစ်နိုင်ပေမယ့်
လူတစ်ယောက် ဘေးဘက်သွားတဲ့အခါ
ပေါ်ပြူလာဖြစ်သွားရော သက်လျာ ။
မနက်ခင်းနေရောင်ခြည်ကြောင့်
ကိုယ့်ညရဲ့အိမ်မက်တွေ
လွင့်ပျယ် ဆိတ်သုဉ်းသွားခဲ့တယ်
အရေးမပါတဲ့ စာရွက်တွေနဲ့
အသုံးမလိုတော့တဲ့ . . . စိတ်ကူးတချို့ကို
မုန်တိုင်းလာတဲ့အခါ ထည့်ပေးလိုက်မယ် ။
သူတို့ ယူပါစေ .
ယူပါစေ သူတို့
သူတို့ ပျော်ပါစေ
ပျော်ပါစေ သူတို့
သူတို့ ဖျက်ပါစေ
ဖျက်ပါစေ သူတို့ ။
အချစ်ကို အဖိုးမတန်ဘူးလို့
သူတို့ပြောကြတယ်
ဘဝကို ဘာနဲ့စလဲ မေးရင်
သူတို့ ကိုယ့်ကိုမောင်းထုတ်ကြလိမ့်မယ်
မငိုပါနဲ့ သက်လျာ
မင်းဆီကို နေရောင်ထိုးတဲ့အချိန်
ကိုယ်ရဲ့ကိုယ်အရိပ်နဲ့ မိုးကွယ်ထားပေးပါ့မယ် ။
မင်းမရှိတဲ့အရပ်ဆိုတာ
ကိုယ့်အတွက် အလင်းမရှိတဲ့ရပ်ဝန်းနယ်ပဲ
ကိုယ့် အနားမှာပဲနေပေးပါ
အသက်ရှူသံကို နားထောင်ပေးပါ
နှလုံးသွေးကြောများက တသွင်သွင်နဲ့
အသဲနှလုံးဆီ စီးစိမ့်ဆင်းနေကြတယ် ။
တိုးတိုးလေးနဲ့ ဆန့်ကျင်ထွက်သွားတယ်
မင်း မရှိတော့ထဲက
အလင်းမရှိတဲ့ရပ်ဝန်းနယ်ထဲမှာ
မာရ်နတ်များနှင့် ကခုန်နေရသလိုပဲ
ကိုယ် ဘဝ အခုထိ
အမှားမှားယွင်းယွင်းနဲ့
တစ်နေ့မှ မပျော်ရွှင်ခဲ့ပါဘူး သက်လျာ ။
ဘာမှမရှိတော့ရင်လဲ လွမ်းမောစရာ
အားလုံးရှိနေရင်လဲ ပျင်းရိဖွယ်နဲ့
လူ့ဘဝခရီးမှာ . . . .
အချစ်မှတ်တိုင်ကို ရောက်ခဲ့ဖူးပြီးပြီ
နှင်းခိုမှိုင်းညို့နေတဲ့ မိုးသောက်တမနက်မှာတော့
အဝေးရပ်ကနေ ဆိုက်မြန်းလာတဲ့
သက်တန့်နုတစင်း . . . . .
အစိမ်းရောင် ရွက်နုတွေကို
နူတ်ဆက်ထွက်ခွာသွားခဲ့ပြီ ။
မတ်လ 2015
#ညမင်းကြယ်တံခွန်
ည မင်း ကြယ် တံ ခွန်
မာရ်နတ်များနှင့်ကခုန်ခြင်း
မှန်ထဲမှာ ကိုယ့်ကိုယ်ကို ကြည့်တတ်ရုံနဲ့တော့
ဘဝဆိုတာကြီးက မတင့်တယ် မလှပဘူး ။
လူနှစ်ယောက်အတူ လမ်းပျောက်တဲ့အခါ
တစ်ယောက်နဲ့တစ်ယောက် စည်းလုံးပြီး
ညီညာကြတယ် . .
ဒါပေမယ့် . . .
တစ်ယောက်ထဲ လမ်းပျောက်နေတဲ့အခါ
ဘယ်သူမှ လာမစည်းလုံးဘူး ။
အမှောင်ထဲရောက်မှတော့ အမှိုက်တွေကို
မြင်နိုင်ပါအုန်းမလား . . . . ?
စမ်းတဝါးဝါးနဲ့ မဝံ့မရဲလျှောက်လာလိုက်တာ
ဘယ်အချိန် သက္ကရာဇ်တခုကို
မြေမြုပ်ခဲ့ပြီးပြီးလဲဆိုတာ
လာမမေးနဲ့ . . . .
ကိုယ် မဖြေချင်ဘူး သက်လျာ ။
အလယ်တည့်တည့်ကနေပဲ
ကိုယ် လျှောက်တယ်
ဟိုဘက်ဘေးကပ်လိုက် ဒီဘက်ဘေးကပ်လိုက်နဲ့
လျှောက်နေရင် . . . .
ကမ္ဘာ့ကြီး ဗိုက်ပူမှာစိုးလို့ ။
ခွေးတစ်ကောင် လေးဘက်သွားလို့
ပေါ်ပြူလာ မဖြစ်နိုင်ပေမယ့်
လူတစ်ယောက် ဘေးဘက်သွားတဲ့အခါ
ပေါ်ပြူလာဖြစ်သွားရော သက်လျာ ။
မနက်ခင်းနေရောင်ခြည်ကြောင့်
ကိုယ့်ညရဲ့အိမ်မက်တွေ
လွင့်ပျယ် ဆိတ်သုဉ်းသွားခဲ့တယ်
အရေးမပါတဲ့ စာရွက်တွေနဲ့
အသုံးမလိုတော့တဲ့ . . . စိတ်ကူးတချို့ကို
မုန်တိုင်းလာတဲ့အခါ ထည့်ပေးလိုက်မယ် ။
သူတို့ ယူပါစေ .
ယူပါစေ သူတို့
သူတို့ ပျော်ပါစေ
ပျော်ပါစေ သူတို့
သူတို့ ဖျက်ပါစေ
ဖျက်ပါစေ သူတို့ ။
အချစ်ကို အဖိုးမတန်ဘူးလို့
သူတို့ပြောကြတယ်
ဘဝကို ဘာနဲ့စလဲ မေးရင်
သူတို့ ကိုယ့်ကိုမောင်းထုတ်ကြလိမ့်မယ်
မငိုပါနဲ့ သက်လျာ
မင်းဆီကို နေရောင်ထိုးတဲ့အချိန်
ကိုယ်ရဲ့ကိုယ်အရိပ်နဲ့ မိုးကွယ်ထားပေးပါ့မယ် ။
မင်းမရှိတဲ့အရပ်ဆိုတာ
ကိုယ့်အတွက် အလင်းမရှိတဲ့ရပ်ဝန်းနယ်ပဲ
ကိုယ့် အနားမှာပဲနေပေးပါ
အသက်ရှူသံကို နားထောင်ပေးပါ
နှလုံးသွေးကြောများက တသွင်သွင်နဲ့
အသဲနှလုံးဆီ စီးစိမ့်ဆင်းနေကြတယ် ။
တိုးတိုးလေးနဲ့ ဆန့်ကျင်ထွက်သွားတယ်
မင်း မရှိတော့ထဲက
အလင်းမရှိတဲ့ရပ်ဝန်းနယ်ထဲမှာ
မာရ်နတ်များနှင့် ကခုန်နေရသလိုပဲ
ကိုယ် ဘဝ အခုထိ
အမှားမှားယွင်းယွင်းနဲ့
တစ်နေ့မှ မပျော်ရွှင်ခဲ့ပါဘူး သက်လျာ ။
ဘာမှမရှိတော့ရင်လဲ လွမ်းမောစရာ
အားလုံးရှိနေရင်လဲ ပျင်းရိဖွယ်နဲ့
လူ့ဘဝခရီးမှာ . . . .
အချစ်မှတ်တိုင်ကို ရောက်ခဲ့ဖူးပြီးပြီ
နှင်းခိုမှိုင်းညို့နေတဲ့ မိုးသောက်တမနက်မှာတော့
အဝေးရပ်ကနေ ဆိုက်မြန်းလာတဲ့
သက်တန့်နုတစင်း . . . . .
အစိမ်းရောင် ရွက်နုတွေကို
နူတ်ဆက်ထွက်ခွာသွားခဲ့ပြီ ။
မတ်လ 2015
#ညမင်းကြယ်တံခွန်

Comments
Post a Comment