Nya Min Kyal Ta Khon
ည မင်း ကြယ် တံ ခွန်
ဆုံတွေ့ခြင်း( မြစ် ၊ ပင်လယ် )ည မင်း ကြယ် တံ ခွန်
မိန်းကလေးတစ်ယောက် ..
ညနေရောက်တိုင်း တေးဆိုပြီး
သူရဲ့အချစ်ကို ခေါ်လေ့ရှိတယ်
မြေအိုလမ်းလေးရဲ့တစ်နေရာမှာ
သူဟာ အမြဲလွင့်မျောနေကျ
သစ်ရွက်လေးလဲ ဟုတ်တယ်
လွင်ပြင်မှာ ဆော့ကစားနေတဲ့
မြူမှုန်လေးလဲ ဟုတ်တယ်
တစုံတယောက်ကို သူမျှော်နေတာလဲ
ဖြစ်နိုင်သလို . . .
တစုံတယောက်ကို သူနူတ်ဆက်ဖို့လဲ
ဖြစ်နိုင်တယ် . . .
ရင်ကွဲသောဒဏ်ရာကို အံ့ကြိတ်ရင်းနဲ့
ညနေတိုင်း . . .
မျက်ရည်များဖြင့် တေးဆိုတတ်သည့်သူကို
အားလုံးက လက်ခုပ်သြဘာများနှင့်
ချီးမွမ်းကြလေတယ်
တစ်နေ့တော့ . . .
သူ တေးဆိုရင်း ပင်လယ်ထဲဆင်းသွားခဲ့တယ်
ဘယ်တော့မှ ပြန်မတတ်လာခဲ့တော့ဘူး
ဘာကြောင့်လဲဆိုရင် . . . .
ကျွန်တော်ဟာ ပင်လယ်ထဲအမြဲစီးဆင်းနေတဲ့
မြစ်တစင်း ဖြစ်နေလို့ပါပဲ ။
Comments
Post a Comment