မှော်တံခါးရဲ့အနမ်း
ညမင်းကြယ်တံခွန်

မှေးစက်နေတဲ့ အခန်းလေးထဲမှာ
ပင်ပန်းစွာနဲ့ အသက်ရှုနေရတဲ့
ဖန်ပုလင်းထဲက ပိုးစုန်းကြူးကို
သနားမိတယ် ။

သူ့အလင်းကိုသာ မှီဝဲနေတယ်
သူ့ငိုသံကို ကိုယ်မကြားဘူး
ဖန်အိမ်ဝန်းထဲ သူရောက်နေတာကိုး ။

တခါတလေကျတော့လဲ
နောင်ဘဝဆိုတာ ဖန်အိမ်ဝန်းကြီးနဲ့တူတယ်
ကြားသာကြားသိရတယ် မမြင်ရဘူး ။

ဘဝမှာ ''တူ''ဖြစ်ခွင့်မရှိတောင်
''ပေ''ဖြစ်ခွင့်တော့ လိုချင်တယ်
ကိုယ် ဘယ်လောက်ခံနိုင်ရည်ရှိလဲဆိုတာ
လောကဓံကို သက်သေပြဖို့ပေါ့ ။

ဗီဒိုထဲက အင်္ကျီတစ်ထည်ကို
ယူဝတ်လိုက်တယ် . . .
ကိုယ် ဝတ်ဆင်ထားမိတဲ့ အင်္ကျီက
သံချပ်ကာအင်္ကျီဖြစ်နေတယ် ချစ်သူ ။

ဟော့ ဟိုမှာ . . .
လောကဓံရဲ့ခရာတွတ်သံကြားနေရပြီ
ငြိမ်းအေးစွာ ဖြတ်သန်းပါရစေ ။

Comments

Popular posts from this blog