ဆုမတောင်းသူ
 ညမင်းကြယ်တံခွန်

နေပူရှိန်အောက်မှာ ကျောပူပေမယ့်
တောသူပုန်ထနေတဲ့ . . . .
ဝမ်းစာနဲ့ယှဉ်ရင် ငရဲပြည်အေးချမ်းတယ် ။

နေဝင်ချိန်ထိ ငါသည်လှုပ်ရှားရင်း
ငါကိုယ့်ငါတောင် ''မှန်''မကြည့်ဖြစ်ဘူး
ညကို ရောက်ခဲ့ရတယ် ။

အကျိုးတွေက ပေးတတ်သလား
အချိုးအကွေ့တွေကပဲ များသလား
ငါလဲမသိတော့ဘူးး
ဘဝက နေမင်းအောက်တည့်တည့်မှာ
ငါဘဝထဲမှာလဲ နေမင်းရှိသေးတယ်

ဘာဆုမှတောင်းချင်ဘူး
ကြယ်ကြွေလဲ ဆုမတောင်းဘူး
သစ်ရွက်ကြွေလဲ ဆုမတောင်းဘူး
နောက်ဆုံးးးးး . . . . .
ငါ . . အသက်မဲ့သွားရင်တောင်
ဆုတောင်းပြည့်လို့ဖြစ်တာမဟုတ်ခဲ့ပါဘူး ။

Comments

Popular posts from this blog