ချစ်ရတဲ့ကဗျာ
 ညမင်းကြယ်တံခွန်

ဝင့်ဆင့်ကာငုံ ၊ တင့်ဆန်းပုံမှာ
စုံစီခြယ်မွန်း ၊ အလှသွန်းကာ
ထွန်းလဲ့တောက်ပ ၊ သူ့ရူပါအလှ ၊

ဘဝင်ဖြာငေး ၊ ကြော့ဟန်သွေးလို့
ထွေးပွေ့လေဖြူ ၊ တိုးဝှေ့ကြူ တော့
မူဟန်ပိုကြွ ၊ ရွရွလေးလှ ၊

ဝင့်ဆင့်ကာထူး ၊ အလှဖြူးတော့
မြူးကြွခုန်သံ ၊ ဒီလူထံသို့
အချစ်ငလျင်တွေတွန်းပို့နေသလား
ယမင်းရူပအလှ ။ ။ ။

Comments

Popular posts from this blog