Nya Min Kyal Ta Khon
ည မင်း ကြယ် တံ ခွန်
ခြေလှမ်း(စ/ဆုံး)

မင်း ကြားရဲ့လား ချစ်သူ
ငှက်ကလေးတွေ သီချင်းဆိုနေပြီ
အတောင်ပံရှိလို့ လွတ်လပ်စွာပျံသန်းနိုင်ပေမယ့်
သူတို့အတွက် ခွဲခွာခြင်းတွေကို
ဒီအတောင်ပံကပဲ ဦးဆောင်သွားတယ် ။

မင်း ကြားရဲ့လား ချစ်သူ
ကြယ်လေးတွေ သီချင်းဆိုနေပြီ
အမြင့်မှာလင်းနုဝေစွာ ထွန်းတောက်ပေမယ့်
သူတို့အတွက် မှိတ်သုန်းကျခြင်းတွေကို
ဒီအမြင့်ကပဲ ဦးဆောင်သွားတယ် ။

မင်း ကြားရဲ့လား ချစ်သူ
အချစ်တွေ သီချင်းဆိုနေပြီ
မေတ္တာရှိလို့ သာယာစွာကြင်နာနိုင်ပေမယ့်
အချစ်တွက်  ခွဲခွာ ၊ သေဆုံးခြင်းမျက်ရည်တွေကို
ဒီမေတ္တာကပဲ ဦးဆောင်သွားတယ် ။

မင်း ကြားရဲ့လား ချစ်သူ
ခြေလှမ်းလေးတွေ ငိုရှိုက်နေပြီ
ဒီခြေလှမ်းလေးတွေနဲ့အတူ
  တွေ့ဆုံချစ်ခဲ့ကြပေမယ့်
ခု ပြီးဆုံးခြင်းကိုလဲ ဒီခြေလှမ်းလေးတွေကပဲ
ရင်ဆို့ရင်း ဦးဆောင်သွားတယ် ။



Comments

Popular posts from this blog