တမလွန် - မိခင်
ညမင်းကြယ်တံခွန်
အဝေးနယ်က သုသာန်မြေမှာ
ဆွေးဇရပ်ရှာပြီး . . . .
မှိုင်တွေးကာ မငိုပါနဲ့မေမေ ။
နေညိုရင် အိမ်အိုကိုလွမ်းတယ်
အချိန်တွေဟာ လောင်စာမို့လို့
လူ့ဘဝဆိုတာ ကျွမ်း ကျွမ်းခဲ့တယ်
မေမေ ။
တကြိမ်တခါ ဘဝကိုရခဲ့ပေမယ့်
အကြိမ်ကြိမ် အခါခါ
ဆုတောင်းမိတယ် မေမေ
နောက်တကြိမ် . . .
ဒီလောကကြီးထဲမှာ မရူးပါရစေနဲ့ ။
ရုပ်ခန္ဓာ လုပ်ဆောင်နေသမျှတော့
အရှုပ်သံသရာ ပတ်ချာလှည့်
ကျွန်တော်ဟာ မေမေအတွက်
အပြုံးတစ်ခုဖြစ်ခဲ့ရင် . . .
ဒီလောကရဲ့ရမ္မက်မီးခွက်ကို
ပေးဆပ်ကျိုးနပ်ခဲ့ပြီ ။
လောင်စာအပြည့်နဲ့ဘဝမို့
တခါတရံတော့လဲ . . . . .
မေမေလို့ တိုးတိုးလေးခေါ်ချင်ပေမယ့်
ရောင်စဉ်မရှိတဲ့ ကျောက်ခဲလို
အမှောင်ထဲမှာ
ရင်နင့်အောင် ငိုနေမိမှာစိုး၏ ။
ကျွန်တော်ရဲ့အတ္တထက်
မရွှင်သာ ဆန္ဒသဘောမပါလဲ
သူလိုရာ အတင်းလုယူသွားတတ်တဲ့
ဒီလောကရဲ့အတ္တက
အဆအင်အား ပိုကြီးမားပါတယ် မေမေ ။
နှင်းငွေ့လေး . . . . . .
တစိုတဆွတ်ဖျန်းရုံသာရှိတဲ့
ဒီလောကကြီးထဲက
လူသန်းပေါင်းများစွာရဲ့
အချစ် ၊ မေတ္တာ ၊ အကြင်နာတွေဟာ
မေမေရဲ့ခြေဆောင့်သံလောက်
ကျွန်တော်အတွက် . . . .
အေးငြိမ်းမှု့မရှိပါဘူး ။
မေမေရေ . . . .
တမလွန်ရဲ့အခြားဘက်ကို မမြင် မသိနိုင်ပေမယ့်
ကျွန်တော်သိတာကတော့
တမလွန်ရောက်သွားတဲ့ မေမေကို
ညတိုင်း ရှိခိုးဦးခိုက်ပြီး ချစ်မြဲချစ်လျှက်ပါပဲ ။
နောက်ဆုံး . . .
မေမေ တစ္ဆေဖြစ်ခဲ့ရင်တောင်
ကျွန်တော်ဆီလာပြီး
ကျွန်တော်ကိုပါ
တစ္ဆေဖြစ်အောင် လုပ်ပေးသွားပါ ။
ညမင်းကြယ်တံခွန်
အဝေးနယ်က သုသာန်မြေမှာ
ဆွေးဇရပ်ရှာပြီး . . . .
မှိုင်တွေးကာ မငိုပါနဲ့မေမေ ။
နေညိုရင် အိမ်အိုကိုလွမ်းတယ်
အချိန်တွေဟာ လောင်စာမို့လို့
လူ့ဘဝဆိုတာ ကျွမ်း ကျွမ်းခဲ့တယ်
မေမေ ။
တကြိမ်တခါ ဘဝကိုရခဲ့ပေမယ့်
အကြိမ်ကြိမ် အခါခါ
ဆုတောင်းမိတယ် မေမေ
နောက်တကြိမ် . . .
ဒီလောကကြီးထဲမှာ မရူးပါရစေနဲ့ ။
ရုပ်ခန္ဓာ လုပ်ဆောင်နေသမျှတော့
အရှုပ်သံသရာ ပတ်ချာလှည့်
ကျွန်တော်ဟာ မေမေအတွက်
အပြုံးတစ်ခုဖြစ်ခဲ့ရင် . . .
ဒီလောကရဲ့ရမ္မက်မီးခွက်ကို
ပေးဆပ်ကျိုးနပ်ခဲ့ပြီ ။
လောင်စာအပြည့်နဲ့ဘဝမို့
တခါတရံတော့လဲ . . . . .
မေမေလို့ တိုးတိုးလေးခေါ်ချင်ပေမယ့်
ရောင်စဉ်မရှိတဲ့ ကျောက်ခဲလို
အမှောင်ထဲမှာ
ရင်နင့်အောင် ငိုနေမိမှာစိုး၏ ။
ကျွန်တော်ရဲ့အတ္တထက်
မရွှင်သာ ဆန္ဒသဘောမပါလဲ
သူလိုရာ အတင်းလုယူသွားတတ်တဲ့
ဒီလောကရဲ့အတ္တက
အဆအင်အား ပိုကြီးမားပါတယ် မေမေ ။
နှင်းငွေ့လေး . . . . . .
တစိုတဆွတ်ဖျန်းရုံသာရှိတဲ့
ဒီလောကကြီးထဲက
လူသန်းပေါင်းများစွာရဲ့
အချစ် ၊ မေတ္တာ ၊ အကြင်နာတွေဟာ
မေမေရဲ့ခြေဆောင့်သံလောက်
ကျွန်တော်အတွက် . . . .
အေးငြိမ်းမှု့မရှိပါဘူး ။
မေမေရေ . . . .
တမလွန်ရဲ့အခြားဘက်ကို မမြင် မသိနိုင်ပေမယ့်
ကျွန်တော်သိတာကတော့
တမလွန်ရောက်သွားတဲ့ မေမေကို
ညတိုင်း ရှိခိုးဦးခိုက်ပြီး ချစ်မြဲချစ်လျှက်ပါပဲ ။
နောက်ဆုံး . . .
မေမေ တစ္ဆေဖြစ်ခဲ့ရင်တောင်
ကျွန်တော်ဆီလာပြီး
ကျွန်တော်ကိုပါ
တစ္ဆေဖြစ်အောင် လုပ်ပေးသွားပါ ။
Comments
Post a Comment