အောင်ပန်း
ညမင်းကြယ်တံခွန်
ဘယ်သူတတ်တတ်
တို့တွေရဲ့လက်နှစ်ဖက်က
တို့တွေရဲ့အားမာန်ပဲ ။
ဘယ်လိုပြောပြော
တို့တွေရဲ့အသိအာရုံကြောက
တို့တွေရဲ့ အလင်းပဲ ။
ဘယ်သူ့နှိမ်နှိမ်
တို့တွေရဲ့စိတ်ဓာတ်မနိမ့်ဖို့က
တို့တွေရဲ့ပန်းတိုင်ပဲ ။
ဘယ်သူယုတ်ယုတ်
တို့တွေရဲ့အသိမရှုပ်ဖို့က
တို့တွေရဲ့အောင်ပွဲပဲ ။
ဘယ်သူချိုးချိုး
တို့တွေရဲ့ရည်ရွယ်ချက်မပုပ်သိုးဖို့က
တို့တွေရဲ့ရှင်သန်ခြင်းပဲ ။
ဘယ်လိုရှူံးရှူံး
တို့တွေရဲ့အဆုံးမရှိတဲ့ ရည်ရွယ်ချက်က
တို့တွေရဲ့. . . . . . . . ?
အောင်ပန်း
ညမင်းကြယ်တံခွန်
ဘယ်သူတတ်တတ်
တို့တွေရဲ့လက်နှစ်ဖက်က
တို့တွေရဲ့အားမာန်ပဲ ။
ဘယ်လိုပြောပြော
တို့တွေရဲ့အသိအာရုံကြောက
တို့တွေရဲ့ အလင်းပဲ ။
ဘယ်သူ့နှိမ်နှိမ်
တို့တွေရဲ့စိတ်ဓာတ်မနိမ့်ဖို့က
တို့တွေရဲ့ပန်းတိုင်ပဲ ။
ဘယ်သူယုတ်ယုတ်
တို့တွေရဲ့အသိမရှုပ်ဖို့က
တို့တွေရဲ့အောင်ပွဲပဲ ။
ဘယ်သူချိုးချိုး
တို့တွေရဲ့ရည်ရွယ်ချက်မပုပ်သိုးဖို့က
တို့တွေရဲ့ရှင်သန်ခြင်းပဲ ။
ဘယ်လိုရှူံးရှူံး
တို့တွေရဲ့အဆုံးမရှိတဲ့ ရည်ရွယ်ချက်က
တို့တွေရဲ့. . . . . . . . ?
အောင်ပန်း
Comments
Post a Comment