အလင်းမဲ့မိုးကြိုး
ညမင်းကြယ်တံခွန်
ဘဝမြေမှာ ၊ အလှဝေဆာ
ရွှင်သာလူးလိမ့် ၊ မိုးရေစိမ့်ရင်း
ဖြေးညင်းသာသာ ၊ အုံ့မှိုင်းကာဆိုင်း
မိုးပြိုင်းပြိုင်း ရွာသွန်း ဖြိုးလေပြီ ။
ချစ်သူမြေလွှာ ၊ စိုကာစိုရွှဲ
မိုးသားမဲများ ၊ ညိုးအားပြိုင်လို့
မိုးပြို့သောည ၊ နိုးထကာခေါ်
အဖော်မွန် ချစ်ခရီး မိုးကြီးလေခဲ့ပြီ ။
ချစ်သူကိုဖက် ၊ မျက်ရည်စက်နဲ့
မုန်တိုင်းငယ်ခေါ် ၊ လေဆန်လှော်လို့
ညို့အားမျဉ်းပြိုင် ၊ ရင်ဆိုင်ထွေဆိုင်း
မိုးပြိုင်းပြိုင်း ရွာသွန်း ဖြိုးခဲ့ပြီ ။
ညမင်းကြယ်တံခွန်
ဘဝမြေမှာ ၊ အလှဝေဆာ
ရွှင်သာလူးလိမ့် ၊ မိုးရေစိမ့်ရင်း
ဖြေးညင်းသာသာ ၊ အုံ့မှိုင်းကာဆိုင်း
မိုးပြိုင်းပြိုင်း ရွာသွန်း ဖြိုးလေပြီ ။
ချစ်သူမြေလွှာ ၊ စိုကာစိုရွှဲ
မိုးသားမဲများ ၊ ညိုးအားပြိုင်လို့
မိုးပြို့သောည ၊ နိုးထကာခေါ်
အဖော်မွန် ချစ်ခရီး မိုးကြီးလေခဲ့ပြီ ။
ချစ်သူကိုဖက် ၊ မျက်ရည်စက်နဲ့
မုန်တိုင်းငယ်ခေါ် ၊ လေဆန်လှော်လို့
ညို့အားမျဉ်းပြိုင် ၊ ရင်ဆိုင်ထွေဆိုင်း
မိုးပြိုင်းပြိုင်း ရွာသွန်း ဖြိုးခဲ့ပြီ ။
Comments
Post a Comment