အလှဟောင်း
 ညမင်းကြယ်တံခွန်

ကွေ့ဝိုက်ပြီး စီးဆင်းလာတဲ့ စမ်းရေ
ရင်ခွင်မှာ မှေးအိပ်နေသော ပန်းကြွေ
ကောင်းကင်က စေလွှတ်လိုက်သော
တိမ်မျှင်တွေ ရစ်ချည်ထုံးပြီး
လိုက်ပါ စီးမျောခဲ့ရတဲ့
အလွမ်းခြေဖွဖွနင်းသံ ကြားရ၏ ~

မျက်ရည်နဲ့ပြေးထွက်သွားခဲ့တဲ့
သူ့ ဘဝလမ်းနှင့်အတူ
ရွက်ခြောက်များစွာ ပင်အိုကခွာ
မြေလွှာပေါ်ဖြာကျ လေတော့သည် ~

အချစ်ကို တိုင်တည်ထူသော်လည်း
ရွက်လွင့် လေပိုးလို့ အကြွေစော
ဤသဘော
ဖြေသိမ့်ဖို့ ခက်
ရွက်နုတွေ ဝေဆက်တဲ့ ပျိုးတစ်ပင်
အလှသစ်တွေနဲ့ တိုးဖြာနေပေမယ့်
အလှဟောင်းကိုတော့
ယနေ့ထိ . . . စွဲလန်းတုန်းပါ . . . သက်လျာ ။

Comments

Popular posts from this blog