ပြန်ညှိဆက်သော ''ကြိုး''
ညမင်းကြယ်တံခွန်
မေတ္တာဆိုတာ အလျှားအနံမရှိပေမယ့်
အသွားအပြန်တော့ ရှိတယ်
ဒါပေမယ့် . . . .
ရထားတစ်စီးလိုပါပဲ
ချက်ခြင်းကြီးတော့ ကိုယ်လိုရာကို
ကိုယ် ကွေ့ရခက်တယ် ~
မုန်းနေသူရဲ့စိတ်ထဲမှာတော့
ကိုယ့်အတွက် . . . .
မင်း အချစ်မေတ္တာရှိအုန်းမလား ~
လေပြေတိုးတောင် မခံနိုင်တဲ့
ရွက်နုလေးလို . . .
အခုတော့ ကိုယ်အချစ်မှာ
မင်း မေတ္တာမပါရင်
သေနိုင်တယ်ဆိုတာ သိခဲ့ပြီ ~
နောက်ဆုံးအကြိမ်သာ
အတိတ်တံခါးကို ခဏပိတ်ပြီး
နမိတ်ကောင်းရဲ့မင်း လက်ထဲမှာပဲ
ကိုယ့်အချစ်ကို ရှင်သန်ပါရစေ ~
ကိုယ့်အမှားကို ပြင်ဆင်ချက်အနေနဲ့
ကိုယ်ဟာ မင်းအတွက်
ခန္ဓာကြွေ ကြွေ
ဝိညာဉ်စုတ် စုတ်
မင်း အရိပ်အောက်မှာပဲ
နောက်ဆုံးချိန်ထိ . . . .
ထွက်သက် တည်ငြိမ်ပါရစေ ။
ညမင်းကြယ်တံခွန်
မေတ္တာဆိုတာ အလျှားအနံမရှိပေမယ့်
အသွားအပြန်တော့ ရှိတယ်
ဒါပေမယ့် . . . .
ရထားတစ်စီးလိုပါပဲ
ချက်ခြင်းကြီးတော့ ကိုယ်လိုရာကို
ကိုယ် ကွေ့ရခက်တယ် ~
မုန်းနေသူရဲ့စိတ်ထဲမှာတော့
ကိုယ့်အတွက် . . . .
မင်း အချစ်မေတ္တာရှိအုန်းမလား ~
လေပြေတိုးတောင် မခံနိုင်တဲ့
ရွက်နုလေးလို . . .
အခုတော့ ကိုယ်အချစ်မှာ
မင်း မေတ္တာမပါရင်
သေနိုင်တယ်ဆိုတာ သိခဲ့ပြီ ~
နောက်ဆုံးအကြိမ်သာ
အတိတ်တံခါးကို ခဏပိတ်ပြီး
နမိတ်ကောင်းရဲ့မင်း လက်ထဲမှာပဲ
ကိုယ့်အချစ်ကို ရှင်သန်ပါရစေ ~
ကိုယ့်အမှားကို ပြင်ဆင်ချက်အနေနဲ့
ကိုယ်ဟာ မင်းအတွက်
ခန္ဓာကြွေ ကြွေ
ဝိညာဉ်စုတ် စုတ်
မင်း အရိပ်အောက်မှာပဲ
နောက်ဆုံးချိန်ထိ . . . .
ထွက်သက် တည်ငြိမ်ပါရစေ ။
Comments
Post a Comment