ဗို့အားနှစ်ဆ
ညမင်းကြယ်တံခွန်
ဟို့ . . တောင်ကုန်းထိပ်မှာ
အလှဆုံး ပန်းတစ်ပွင့်ရှိတာ သိတယ်
သွားမခူးဘူး
ကိုယ့် အချစ်က ပိုလှလို့ ။
ဟို့ . . မိုးစကြာပေါ်မှာ စီထားတဲ့
သန့်ရှင်းသော ကြယ်တွေရှိတာ သိတယ်
မကြွေသက်ဆင်းခိုင်းဘူး
ကိုယ့် အသဲနှလုံးက မွန်မြတ်လို့ ။
ဟို့ . . လွင်ပြင်က လှမ်းချီလာတဲ့
ပျော့ပြောင်းသော လေသင်းထုံတချို့ ကို
မမက်မောဘူး
ကိုယ့် အကြင်နာလေပြေက နူးညံလို့ ။
ဟို့. . စားပွဲပေါ်က ဝိုင်ချို ပုလင်းဆီမှာ
ငှဲ့ယူပြီး မသောက်ဘူး
ကိုယ့် ချစ်သူရဲ့နူတ်ခမ်းသားက
သူ့ထက် ပိုချို မြ ပိုယစ်မူးစေလို့ပဲ ။
ညမင်းကြယ်တံခွန်
ဟို့ . . တောင်ကုန်းထိပ်မှာ
အလှဆုံး ပန်းတစ်ပွင့်ရှိတာ သိတယ်
သွားမခူးဘူး
ကိုယ့် အချစ်က ပိုလှလို့ ။
ဟို့ . . မိုးစကြာပေါ်မှာ စီထားတဲ့
သန့်ရှင်းသော ကြယ်တွေရှိတာ သိတယ်
မကြွေသက်ဆင်းခိုင်းဘူး
ကိုယ့် အသဲနှလုံးက မွန်မြတ်လို့ ။
ဟို့ . . လွင်ပြင်က လှမ်းချီလာတဲ့
ပျော့ပြောင်းသော လေသင်းထုံတချို့ ကို
မမက်မောဘူး
ကိုယ့် အကြင်နာလေပြေက နူးညံလို့ ။
ဟို့. . စားပွဲပေါ်က ဝိုင်ချို ပုလင်းဆီမှာ
ငှဲ့ယူပြီး မသောက်ဘူး
ကိုယ့် ချစ်သူရဲ့နူတ်ခမ်းသားက
သူ့ထက် ပိုချို မြ ပိုယစ်မူးစေလို့ပဲ ။
Comments
Post a Comment