.
Nya Min Kyal Ta Khon
ည မင်း ကြယ် တံ ခွန်
ဝါဂွမ်းဖြူ
ရှည်လျှားတဲ့ ရေလယ်ကျောမှာ ဝါဂွမ်းဖြူလေး
လူတွေရဲ့ထွေးခွက်ထဲမှာ ဒဏ်ရာများစွာနဲ့အတူ
မျောလွင့်လာတယ် ။
သူမဆီမှာ ပိုင်ဆိုင်တာဆိုလို့
အမည်မသိ ဒဏ်ရာတဝက်နဲ့
အဖြေမရှိ မေးခွန်းတချို့ကိုပဲပိုင်တယ် ။
သူမရဲ့ဒဏ်ရာကို ဆေးသိမ့်ပေးရင်း
နစ်မွန်းခံခဲ့ရသော သူမအသဲနှလုံးဟာ
ကန္တရအလယ်မှ အလှဆုံးပန်းတစ်ပွင့်လို
'နေ'ရိုက်ခတ်ဒဏ် လောင်ကျွမ်းနေပြီလေ ။
'ဖြုတ်' ခနဲ့
ကြွေသွားတဲ့ စံပယ်တစ်ပွင့်ပမာ
ချက်ခြင်းတော့ မနွမ်းနိုင်ပေမယ့်
တဖြည်းဖြည်း တရွေ့ရွေ့နဲ့ပေါ့
လောကဓာတ်အမိန့်ကို နာခံခဲ့ရတယ် ။
မဟူရာညရဲ့ မှောင်ရိပ်အလယ်မှာ
အမှတ်မထင် လမင်းကိုတွေ့လိုက်သလိုပဲ
သူမ အေးငြိမ်းပါစေလို့ ဆုတောင်းရင်း
ဝေဒနာမရှိမျက်ရည်တစ်ပွင့်
လမင်းရဲ့ရင်ခွင်ထဲမှာ စီးကျနေတယ် ။
#ညမင်းကြယ်တံခွန်
Nya Min Kyal Ta Khon
ည မင်း ကြယ် တံ ခွန်
ဝါဂွမ်းဖြူ
ရှည်လျှားတဲ့ ရေလယ်ကျောမှာ ဝါဂွမ်းဖြူလေး
လူတွေရဲ့ထွေးခွက်ထဲမှာ ဒဏ်ရာများစွာနဲ့အတူ
မျောလွင့်လာတယ် ။
သူမဆီမှာ ပိုင်ဆိုင်တာဆိုလို့
အမည်မသိ ဒဏ်ရာတဝက်နဲ့
အဖြေမရှိ မေးခွန်းတချို့ကိုပဲပိုင်တယ် ။
သူမရဲ့ဒဏ်ရာကို ဆေးသိမ့်ပေးရင်း
နစ်မွန်းခံခဲ့ရသော သူမအသဲနှလုံးဟာ
ကန္တရအလယ်မှ အလှဆုံးပန်းတစ်ပွင့်လို
'နေ'ရိုက်ခတ်ဒဏ် လောင်ကျွမ်းနေပြီလေ ။
'ဖြုတ်' ခနဲ့
ကြွေသွားတဲ့ စံပယ်တစ်ပွင့်ပမာ
ချက်ခြင်းတော့ မနွမ်းနိုင်ပေမယ့်
တဖြည်းဖြည်း တရွေ့ရွေ့နဲ့ပေါ့
လောကဓာတ်အမိန့်ကို နာခံခဲ့ရတယ် ။
မဟူရာညရဲ့ မှောင်ရိပ်အလယ်မှာ
အမှတ်မထင် လမင်းကိုတွေ့လိုက်သလိုပဲ
သူမ အေးငြိမ်းပါစေလို့ ဆုတောင်းရင်း
ဝေဒနာမရှိမျက်ရည်တစ်ပွင့်
လမင်းရဲ့ရင်ခွင်ထဲမှာ စီးကျနေတယ် ။
#ညမင်းကြယ်တံခွန်
Comments
Post a Comment