အနာဟောင်းကိုစွန့်ခွာခြင်း
ညမင်းကြယ်တံခွန်
လမ်းအိုရဲ့တစ်ထောင့်တစ်နေရာမှာ
ထိုင်ခုံလေး တစ်လုံးရှိတယ် ။
အဆွေတို့
ငါသည် . . .
နှစ်ခါမမက်တဲ့ အိမ်မက်တချို့ နဲ့
အဖိုးပကာသနမများတဲ့
အင်္ကျီစုတ်တစ်ထည်ကိုသာ
တန်ဖိုးထား၏ ။
ဝိုင် ချို တစ်ခွက်နဲ့ ချစ်သူရဲ့
ရင်ခွင်မှာ
ငါ နေမွန်းတည့်ဖူးခဲ့တယ် ။
အို . . . အဆွေတို့
ဘယ်သူမှတော့
သေဖို့ချည်း မွေးဖွားလာတာမဟုတ်
ဒါပေမယ့် . . . ငါ
လောကကို စိတ်နာသွားပြီလေ ။
အဆွေတို့ . . .
ဟို . . . အဝေးက
လွင့်လာတဲ့ မြူ ခိုးငွေ့လေးတွေဟာ
ငါ ချစ်သူရဲ့ ဝိညာဉ်ကို
လာခေါ်ဆောင်သော တမန်တော်တွေဖြစ်တယ် ။
အဆွေတို့ . . .
ငါ ရဲ့ ခန္ဓာကို မြေမှာမမြုပ်နဲ့
မီးလဲမရှို့ နဲ့
လူတွေနဲ့ဝေးရာ အရပ်မှာ
ဒီအတိုင်းသာ ပစ်ချထားခဲ့ပါ
''လင်းတ''တွေရဲ့ ဆာလောင်မှု့
ပြည့်တင်းပါစေ ။
အို . . . အဆွေတို့
ငါ မောပန်းနေပြီ
လမ်းအိုရဲ့ထိုင်ခုံလေး ငိုနေတယ်
ငါရဲ့ချစ်သူက လွဲလို့
အားလုံးကို မမြင်ချင်တော့ဘူး
ငါကို ခွင့်လွှတ်ပြီး သွားခွင့်ပြုပါ
အားလုံးကို ကျောခိုင်းခဲ့ပါရစေ ။
ညမင်းကြယ်တံခွန်
လမ်းအိုရဲ့တစ်ထောင့်တစ်နေရာမှာ
ထိုင်ခုံလေး တစ်လုံးရှိတယ် ။
အဆွေတို့
ငါသည် . . .
နှစ်ခါမမက်တဲ့ အိမ်မက်တချို့ နဲ့
အဖိုးပကာသနမများတဲ့
အင်္ကျီစုတ်တစ်ထည်ကိုသာ
တန်ဖိုးထား၏ ။
ဝိုင် ချို တစ်ခွက်နဲ့ ချစ်သူရဲ့
ရင်ခွင်မှာ
ငါ နေမွန်းတည့်ဖူးခဲ့တယ် ။
အို . . . အဆွေတို့
ဘယ်သူမှတော့
သေဖို့ချည်း မွေးဖွားလာတာမဟုတ်
ဒါပေမယ့် . . . ငါ
လောကကို စိတ်နာသွားပြီလေ ။
အဆွေတို့ . . .
ဟို . . . အဝေးက
လွင့်လာတဲ့ မြူ ခိုးငွေ့လေးတွေဟာ
ငါ ချစ်သူရဲ့ ဝိညာဉ်ကို
လာခေါ်ဆောင်သော တမန်တော်တွေဖြစ်တယ် ။
အဆွေတို့ . . .
ငါ ရဲ့ ခန္ဓာကို မြေမှာမမြုပ်နဲ့
မီးလဲမရှို့ နဲ့
လူတွေနဲ့ဝေးရာ အရပ်မှာ
ဒီအတိုင်းသာ ပစ်ချထားခဲ့ပါ
''လင်းတ''တွေရဲ့ ဆာလောင်မှု့
ပြည့်တင်းပါစေ ။
အို . . . အဆွေတို့
ငါ မောပန်းနေပြီ
လမ်းအိုရဲ့ထိုင်ခုံလေး ငိုနေတယ်
ငါရဲ့ချစ်သူက လွဲလို့
အားလုံးကို မမြင်ချင်တော့ဘူး
ငါကို ခွင့်လွှတ်ပြီး သွားခွင့်ပြုပါ
အားလုံးကို ကျောခိုင်းခဲ့ပါရစေ ။
Comments
Post a Comment