ရရစ်{ခြစ်ခြင်း}
 ညမင်းကြယ်တံခွန်

အလွမ်းပြေ လမ်းတဖက်ရဲ့
ပန်းကြွေမြေပေါ်မှာ
ခရမ်းပြာရင့် အသဲနှလုံးတစ်စုံ
ထားခဲ့တယ် ။

အလှမ်းဝေး အနမ်းပြေးတော့
အနှိုင်းမဲ့ မေတ္တာ
သမိုင်းတွင် ကျန်ရစ်လို့
မေရေ . . . .
မင်း ကိုယ့်ကို နမ်းခဲ့တယ် ။

အပုပ်ခံ စိတ်ကူးတချို့ က
အဖြည့်ခံအိမ်မက်အဖြစ်နဲ့
အလွမ်းပြေ လမ်းလေးပေါ်မှာ
တချိန်တုန်းက . . . .
အနမ်းဆိုတာ
ဝေဆာနေတဲ့ဥယျာဉ်ဖြစ်ခဲ့တယ် ။

ရှောင်လွှဲ ဖယ်ခွာ သေကွဲ ဆွေးရှာနေတဲ့
ကန္တရနှင်းဆီတစ်ပွင့်လို
မာယာရထားပေါ်မှာ
ကိုယ်ဟာ အဖြည့်ခံလေးအဖြစ်နဲ့
ရရစ်{ ခြစ်ခြင်း } . . . . . .
ဘဝကို နေကွယ်ရစ်ပြီ - မေ ။

မင်းပျော်ရာကို သွားခဲ့တယ်
စကားကြွင်းကျန် တစနဲ့
မင်း - ကိုယ်ကို ထားခဲ့တယ်
မင်း လှမ်းရာ ပန်းပွင့်စေ ။

Comments

Popular posts from this blog