ရင်ခုန်သူမို့
ညမင်းကြယ်တံခွန်
အရောင်များလင်းလဲ့လို့ပေါ့
မီးတခဲရဲ့ အနီရဲရဲဝင်းဖြာဟပ်လို့
ထီးတစ်လက်မိုးထားပေးမယ် --ချစ်သူ
မငိုပါနဲ့လို့ ပြောချင်ပေမယ့်
. . . မျက်ရည်က မျက်လုံးထဲကလား
. . . ရင်ထဲကလား
မသေမချာအတွေးတွေက
သဏ္ဍာန်မပါသလိုပေါ့ . .
ဖမ်းဆုပ်လိုက်ရင်
အဆင်းမဲ့သွားမှာ စိုးရိမ်မိတယ် …
မေ့ပြီလားလို့ မမေးရဲဘူး
ကျိုးတော့မယ့်တံတားတခုအပေါ်
ဖြတ်နင်းလျှောက်ရသလိုမျိုးပဲ
တကျွီကျွီ နဲ့အသံထွက်ရင်တောင်
ကိုယ်က ရင်ခုန်တတ်သူပါ --ချစ်သူ
ညမင်းကြယ်တံခွန်
အရောင်များလင်းလဲ့လို့ပေါ့
မီးတခဲရဲ့ အနီရဲရဲဝင်းဖြာဟပ်လို့
ထီးတစ်လက်မိုးထားပေးမယ် --ချစ်သူ
မငိုပါနဲ့လို့ ပြောချင်ပေမယ့်
. . . မျက်ရည်က မျက်လုံးထဲကလား
. . . ရင်ထဲကလား
မသေမချာအတွေးတွေက
သဏ္ဍာန်မပါသလိုပေါ့ . .
ဖမ်းဆုပ်လိုက်ရင်
အဆင်းမဲ့သွားမှာ စိုးရိမ်မိတယ် …
မေ့ပြီလားလို့ မမေးရဲဘူး
ကျိုးတော့မယ့်တံတားတခုအပေါ်
ဖြတ်နင်းလျှောက်ရသလိုမျိုးပဲ
တကျွီကျွီ နဲ့အသံထွက်ရင်တောင်
ကိုယ်က ရင်ခုန်တတ်သူပါ --ချစ်သူ
Comments
Post a Comment