ဆုလာဒ်အပြည့်နဲ့အဆိပ်
 ညမင်းကြယ်တံခွန်

နင်မခေါ်ပဲလာမိခဲ့လို့
''အပို''ဆိုတဲ့ အဓိပ္ပါယ်ကို
ငါ ရရှိခဲ့တယ် ။

နင်ဘက်ကမချစ်ပဲ ငါဘက်ကချစ်မိတော့
''အလကား''ဆိုတဲ့ အက္ခရာက
ငါအတွက် ဘုရားသခင်ဖြစ်ခဲ့တယ် ။

ငါဘက်က ဖမ်းဆုပ်ထားပေမယ့်
နင်ဘက်က မဆုပ်ကိုင်သေးတော့
ငါ အချစ်ဘယ်မှာလဲ
( မေးရင် ------ )
ဖြေနိုင်ပါ့မလားး ။

ဘဝကိုဘဝပဲ ငါ,သတ်မှတ်တယ်
အချစ်ကိုအချစ်လို့ပဲ သတ်မှတ်တယ်
နင့်ကိုတော့လေ . . . . .
ဆုလာဒ်အပြည့်နဲ့အဆိပ်လို့
ငါ့အတွက် သတ်မှတ်ပါရစေ ။

Comments

Popular posts from this blog