Nya Min Kyal Ta Khon
    ည မင်း ကြယ် တံ ခွန်
  ငါစိတ်နဲ့ငါ အရိပ်ကိုရှာ

''ခဏဆိုပြီး ''အပြင်ထွက်ဖို့လုပ်တော့
''နေပါအုန်း''လို့ ငါက လှမ်းတားပြီး
ငိုနေလိုက်မယ်
ငါ ဒီအလွမ်းလေးကို ချစ်တာကိုး။

''ခဏဆိုပြီး''ဝင်လာမယ့်လုပ်တော့
'' သွားကွာ''လို့ ငါ မောင်းထုတ်လိုက်ပြီး
ဆက်-ငိုနေတယ်
ပျော်ရွှင်ခြင်းထက် ဒီဝမ်းနည်းစရာက
ငါကို စွဲဆောင်မှု့ပိုရှိလို့လေ ။

ပိုက်ကွန်အပေါက်နဲ့ ငါးမိနေသလို
ငါ အသိကို ငါ ညာဉ်ကလက်မခံဘူး
ငါ ဆက်မှားပြီး ရူးမိုက်နေမှ
ရေခဲပြင် အခိုးအငွေ့လို
အသက်မဲ့အေးချမ်းမှု့တွေက
စိတ်ကို ကူးစက်ဝင်လာတယ် ။

တဖြည်းဖြည်းနဲ့ ငါလဲ စိတ်ညစ်နေပြီ
ငါရဲ့ ရွေးချယ်မှု့တွေက
တောင်တန်းတွေလို မာကျောနေပြီး
ငါ အတွက်
သူတို့တွေကို လေပြေလိုနူးညံ့လာဖို့
သစ်ပင်စိုက်မှ ဖြစ်တော့မယ်
ဒါမှ ငါစိတ် အရိပ်ရမှာ ။

မတ်လ 2015
#ညမင်းကြယ်တံခွန်



Comments

Popular posts from this blog