Nya Min Kyal Ta Khon
ည မင်း ကြယ် တံ ခွန်

အလွမ်းဟောင်းထည်
နှစ်ယောက်တွဲ မလျှောက်ရဲလို့
တစ်ယောက်ထဲ လျှောက်လေသလား အမိငယ်။
အခေါ်ခက်တော့လဲ
အဖော်မဲ့သစ်ရွက်လို
ကြွေလွင့်ရင်း ဆွေး
သယ်ယူသူ ဝေး
ဝေးနေရတဲ့ ကိုယ်ဘဝပါ ။
ကြေကွဲမှု့ကုဋေကုဋ္ဌာနဲ့
မြေဆီလွှာညိုးနွမ်းခြောက်
ပင်အိုအောက်မှ
''လင်းတ''သံကချို
( သြော်… ခုတော့ )
ကိုယ်က မင်းအတွက်
အပိုလူဖြစ်သွားပေါ့လား ။
မတ်လ 2015
Comments
Post a Comment