Nya Min Kyal Ta Khon
ည မင်း ကြယ် တံ ခွန်
မုန်တိုင်းရဲ့ကစားဖော်

နိုးလတ်စနဲ့ ရှင်သန်နေတဲ့ ငါ ဥယျာဉ်ဟာ
မြေလွှာကိုပုံအပ်ခဲ့ပြီး
မိုးညို့ခြင်းများစွာနဲ့ ရပ်တည်နေတယ် ။

သူမကို ငါတွေ့ခဲ့တယ်
ဒါပေမယ့် . . . .
ငါဆီ သူမ ပြန်မလာခဲ့ဘူး ။

ငါအတွက်ပေါ့
ငိုရတဲ့ညတွေများလို့ဆိုပြီး
ဆုလာဒ်အဖြစ်နဲ့
ဘုရားသခင်က ကြည်ဖြူမယ်ဆိုရင်
သူမ ကို ခြေထောက်တပ်ပေးပါ
ဒါမှ ပြန်ရောက်လာမှာမို့လို့ ။

မနီးမဝေး အရပ်တခုမှာ မိုးရွာနေတဲ့အချိန်
ပဝါတစ်ထည်လွင့်လာတယ်
ဒါပေမယ့် . . .
ထို ပဝါနဲ့အတူ မုန်တိုင်းပါလာခဲ့တယ်
ငါလေ . .
ငါ ကြိုးစားပြီး
အဲ့ဒီ ပဝါကို လိုက်ဖမ်းနေတဲ့
မုန်တိုင်းရဲ့ကစားဖော် ဖြစ်နေပြီ ။

Comments

Popular posts from this blog