Posts

Showing posts from August, 2017
Image
ပန်းတဝေဝေ အလွမ်းကုန်စေ ညမင်းကြယ်တံခွန် ပင်လယ်ကြီးဖြစ်မှတော့ ဆားငန်ရေတွေ အမွှန်းခံရတာ မဆန်းပါဘူး အချစ်ဆုံးကြီးရယ်~ အလွမ်းကိန်းအောင်းနေတဲ့ ပျိုးခင်းကြီးမှာ ပုပ်သိုး မှိုတတ်နေတဲ့ မြေဆီလွှာပေါ်မှာ . . . . ချစ်ပျိုးစိုက်ရာ ဖူးပွင့်ချင်မှ ဖူးပွင့်ပေမယ့် ကိုယ်လိုလူ အချစ်စစ်သမားရဲ့ ရင်ခွင်ထဲမှာတော့ ပန်းတဝေဝေ လွှမ်းမြေ့စေခဲ့ပြီ ~ ကိုယ်ချိန်ရွယ်တိုင်း ကိုယ်မြားဦးက ပစ်မှတ် ဆုံချက်ဆီ တည့်တည့်တော့ မဖြစ်နိုင်ခဲ့ … လိုသလို ချိန်ညှိလို့ မရတဲ့ ဆန္ဒနဲ့ဘဝဟာ ကိုယ့်အတွက် ဘေးတခြမ်းစောင်းကြီး ~ < < < အချစ်ဆုံးကြီး > > > မနက်ခင်း နေရောင်ကြောင့် အလင်းရရှိခဲ့သလို ညခင်း လမင်းအောက်မှာ ငြိမ်းအေးခြင်းရရှိလေခဲ့တယ် ~ လေထဲမျောလွင့်ပါသွားတဲ့ အငွေ့အသက်တွေထဲမှာ မင်းရဲ့ထွက်သက်အချို့ နဲ့အတူ ကောင်းကင်ကြီး စိတ်သုန်းသွားခဲ့တယ် ~ ရေခဲပြင်လို အေးမြမှု့မျိုး မင်း ပေးခဲ့မယ်ဆိုရင် မုန်တိုင်းရဲ့ရင်ခွင်ကို သံဆူးကြိုးတွေနဲ့ပိတ်ခတ်ထားသင့်တယ်လေ ~ ကိုယ်တို့တွေ တစ်ဦးနဲ့တစ်ဦး လက်တွဲဆက်ခဲ့ကြပေမယ့် ထပ်ခါတလဲ ပြန်ချစ်လို့မရတော့တဲ့ ဘဝနိဂုံးစကားနဲ့ပဲ . . . နောက်ဆုံးလမ်းမှာ ပန်းတ...
Image
ချစ်ခဲ့တယ် ချစ်သူမဟုတ်ခဲ့ ညမင်းကြယ်တံခွန် ခင်တွယ်စရာ  ကြင်နာသူဆိုလို့ ဒီကမ္ဘ္ဘာမှာ မင်းတစ်ယောက်သာရှိတယ် ဝေဒနာတွေ အမုန်းဒဏ်ရာကိုပေးသူကလဲ ဒီကမ္ဘ္ဘာမှာ မင်းတစ်ယောက်သာ အများဆုံး ပေးခဲ့တယ် . . . ပျော်ခဲ့ရတဲ့အချိန်တွေဟာ . . . ဒီနေ့မှာ အထီးကျန်ဆန်ဖို့ ဖြည့်ဆည်းပေးခဲ့တဲ့ အတိတ်တခုဖြစ်လာခဲ့တယ် အတိတ်တခုက ချစ်ခဲ့ကြတဲ့ ချစ်သူရယ် အခုတော့ ငါအချစ်ကို မင်းမြေမှာနင်းခဲ့တယ် မင်းကမှန်ပါတယ် မှားတာက ငါပါ ဘာလို့ဆို . . မင်းက ငါအတိတ်က ချစ်ခဲ့ဖူးတဲ့ မိန်းကလေးမှမဟုတ်တော့တာ . . . . . . လက်ရှိပြောင်းလဲခြင်းရဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေလို့ပဲ ။
Image
နှင်းကဗျာ ဖြူ သောတစ်ပွင့် ဖြူ နှင်းဆင့်လို့ ဖြူ လွင့်နုရောင် ဖြူ ကာပြောင်လဲ့ ဖြူ ဝင်းထွက်သည် ။ ဖြူ သောမေတ္တာ ဖြူ စင်ဖြာလို့ ဖြူ ဇာခြည်မွန်း ဖြူ သွန်းဝေဆာ ဖြူ သစ္စာမည် ။ ဖြူ သောချစ်သူ ဖြူ လင့်ယူဆောင် ဖြူ ဖြူ ဝင့်မော့ ဖြူ ကြော့ရင်းဖြာ ဖြူ လွှာတင့်သည် ။
Image
နားလည်သင့်ခဲ့တယ် --- ___ ---- ____ ------ နားလည်မှုနဲ့ ကြင်နာမှုဆိုတာကို ကြိုးတစ်မျှင်ကျစ်လိုက်ရင် အချစ်ကြိုးတစ်မျှင်ရလိမ့်မယ် . . မင်း ဆက်၍ ကျစ်ချင်ကျစ် ဖြတ်ချင်ဖြတ် ထွက်ချင်ထွက်သွားပါ အရာအားလုံးက နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ ဘဝတွေမို့ပါ ။
Image
ပျော်သလိုလို ညမင်းကြယ်တံခွန် ဗေဒင်ရဲ့ကောင်းသောနေ့ကို မင်း,စောင့်မျှော်နေရင်. . . . မင်း, အသိနည်းသေးတယ် ။ လူတစ်ဦးဦးရဲ့ကမ်းလက်ကို မင်း,စောင့်မျှော်နေရင် . . . . မင်း,အားနည်းသေးတယ် ။ ပတ်ဝန်းကျင်ရဲ့အပြောကို မင်း,နားစိုက်ထောင်နေရင် . . . . မင်း,လမ်းမဖြောင့်တော့ဘူး ။ လူတကာရဲ့အကြောင်းကို မင်း,ထိုင်တွေးနေရင် . . . . . မင်း,ခြေထောက်ကျိုးသွားပြီ ။ တကယ်တော့ , ဘဝဟာ အစမှာ ပျော်သလိုလိုနဲ့ ပိုက်ဆံရှိရင် ပျော်သလိုလိုနဲ့ စည်းစိမ်ရှိရင် ပျော်သလိုလိုနဲ့ ဂုဏ်ဒြပ်ရှိရင် ပျော်သလိုလိုနဲ့ အချစ်ရှိရင် ပျော်သလိုလိုနဲ့ နောက်ဆုံးခရီးကတော့ . . . . အပျော်မှတ်တိုင်မဖြစ်ခဲ့ဘူး ။
Image
တို့အမျိုး...တို့ဘာသာ....တို့သာသနာ                   { ဗုဒ္ဓ } ညမင်းကြယ်တံခွန် 4 / 9 / 2016 တိုင်းပြည်ကို ဘယ်မင်းအုပ်ချူ ပ် အုပ်ချူ ပ် ဘယ်စနစ်နဲ့ပဲ အုပ်ချူ ပ် အုပ်ချူ ပ် ဖြေလျှော့စွာဖြင့် နေနိုင်တယ် ။ ဒါပေမယ့် … … … အမျိုး ၊ ဘာသာ ၊ သာသနာ ကို ထိပါး , စော်ကား , ဖျက်စီးမယ်ဆိုရင်တော့ ငါ့....အရိုး ပြာမှုန်ဖြစ်တဲ့အထိ ဓား...ထမ်းရင်း ပေးဆပ်ခဲ့မယ် သာသနာအတွက်ဆိုရင် မျိုးရိုးစဉ်ဆက်..ဓားကမ်းလင့်လို့ တမလွန်ထိ  တိုက်ပွဲဝင်မယ် ။
Image
 ထေဒဗုဒ္ဓတိုင်းပြည်   ညမင်းကြယ်တံခွန် ကံအကြောင်းပြု ၊ ပေါင်းဆုံစုလို့ ဆုံစုခဏ ၊ လူ့ဘဝမှာ မြင်ကာထိတွေ့ ၊ ရင်းနှီးခွင့်နှင့် သင့်မြတ်မေတ္တာ ပွားရှု့အံ့ ။ ထေဒဗုဒ္ဓ ၊ အရိပ်အောက်ဝယ် အပယ်တံခါး ၊ မိစ္ဆာပွား၍ ထိပါးမိုက်မွှန် ၊ အားသွန်ပြုရင် မြေလျှင်မိုးအောက် ငရဲရောက်မည်သာ ။ ဓမ္မသစ္စာ ၊ တည်မြဲစွာဖြင့် ဖူးပွင့်ဝေလို့ ၊ မေတ္တာရေလောင်း ပျိုးပင်ကောင်းများ သင်ပျိုးလေအံ့ ။ မျက်စီဖြင့်မြင် ၊ နားနှင့်ကြားလို့ မြင်၊ကြားအာရုံ ၊ စိတ်ခြုံလွှမ်းကာ မမိုက်လွန်နဲ့ ၊ ထိတွေ့ခဲ့သည့် ဗုဒ္ဓတရား ၊ အမှားဟူ၍ မရှိပေ ။ မနက်မိုးသောက် ၊ နေသစ်တောက်ချိန် ရှုခင်းအလှ ၊ သာယာတင့်လို့ လူတိုင်းမက်မော ၊ ရမ္မက်ဇောဖြင့် လောဘပြေးလမ်း ၊ ပိုက်ကွန့်ဖြန့်ကာ မြေလွှာပေါ်မှာ ၊ ခြေရာတွေရှုပ် နေဝင်မိုးချူပ် နွမ်းခဲ့ပြီ တစခန်း ။ လောဘမှတ်တမ်း ၊ ဒေါသမှတ်တမ်း မောဟမှတ်တမ်း ၊ အတ္တမှတ်တမ်း မှတ်တမ်းပေါင်းများ ၊ လွန်လေခဲ့သော် လူရုပ်ခန္ဓာ ၊ နွမ်းကာပျော်ကျ ရေပြင်ထက်မှ ရေခဲတစ်တုံး ။ အချိန်တန်ပြီ ၊ ပြန်မည့်ရက်ကို ကြိုကာမသိ ၊ လက်ရှိခန္ဓာ မြေမနမ်းခင် ၊ သန့်စင်မွန်မြတ် ရှုမှတ်ဖွယ်ရာ ၊ မေတ္တာထားလို့ သစ္စာစကား ၊ နေမ...
Image
   အာရုဏ်ဦးမှာ  ညမင်းကြယ်တံခွန် အာရုဏ်ဦးမှာ ဘုရား ၊ တရား ၊ သံဃာ ရှိခိုးဦးတိုက်လို့သာ ဒီနေ့တစ်နေ့တာ ဤကမ္ဘာအရပ်တခွင်မှာ အလုံးစုံ အေးရိပ်မာကြပါစေ ။ ။ ညစိမ့်ချမ်းမှာ ဘုရား ၊ တရား ၊ သံဃာ ရှိခိုးဦးတိုက်လို့သာ မနက်ဖြန် နံနက်မှာ ပွင့်သော နေခြည်အဖြာဖြာ အငြိုးရန်များဖယ်ကွာနိုင်ကြပါစေ ။ ။
Image
 ယုရင်ထဲက တံခွန်  (ညမင်းကြယ်တံခွန်ရဲ့ကဗျာများ)   သေမိန့် ...… …  … တစ်ဝမ်းစာ တစ်ဘဝနဲ့  ရှုခင်းသာမလှတဲ့     ငါ့ … ဘဝ သြော်…ဘေးနားက'လင်းတ'တွန်သံ     ကြားနေရပါလား။
Image
 ယုရင်ထဲက တံခွန်  (ညမင်းကြယ်တံခွန်ရဲ့ကဗျာများ)