Popular posts from this blog
နူတ်ခမ်းလေး ညမင်းကြယ်တံခွန် အိုဘယ် . . . မာယာကြိုးညှိထားတဲ့ စောင်းသံစဉ်ကိုမှ ကိုယ်က , , , ယစ်မူးကာ ခုန်ကချင်နေမိတယ် မိန်းကလေး ~ အိုဘယ် . . . အဆိပ်ဆူးမြားရဲ့ ပစ်မှတ်ရှေ့တည့်တည့်ကိုမှ ကိုယ်က , , , ရောက်ချင်သူ တကယ်ဆိုချစ်လို့ပါ မိန်းကလေး ~ အိုဘယ် . . . နူတ်ခမ်းလေးရဲ့ အနမ်းတချက်ကိုမှ ကိုယ်က , , , အကန်းဖြစ်ခံလို့ ပန်းတပွင့်နှင့်မိန်းကလေးအတွက် ကိုယ်ခံယူ ကိုယ်အချစ်ပေးဆပ်ချင်သူမို့ပါ ~ အိုဘယ် . . . သန်းခေါင်ယံမှာ အမှောင်ခြံရံထားလို့ ကိုယ့်အတွက် အလင်းတခုမလိုဘူး စွဲလန်းရာ နှစ်သက်သူ ကိုယ့်အနား မင်းရှိဖို့သာ အလိုအပ်ဆုံး ။
Nya Min Khyal Ta Khon ည မင်း ကြယ် တံ ခွန် 👦အပျော်နဲ့ပျော်ရွှင်မှု့👧 ခေါင်းစဉ်တပ်ထားတာတော့ ကြာပါပြီ ၊ ရေးမယ် ရေးမယ်နဲ့မလှည့်နိုင်ခဲ့ဘူး ၊ ပထမဦးဆုံး(အချစ်စိတ်ဘယ်လိုဖြစ်ပေါ်လာလဲပေါ့. . . ?) မေးသင့်တဲ့ မေးခွန်းပါ ၊ (အချစ်စိတ်ဆိုတာ ဘယ်လိုဖြစ်ပေါ်လာလဲ ) အမျိုးမျိုးဖြစ်ပေါ်လာတတ်တယ် ။ အချစ်စိတ်ဆိုတာ လျှပ်စီးတခုလိုပါပဲ မြန်ဆန်တယ် ၊ အမှတ်မထင် ဖြစ်ပေါ်လာတာပါ ၊ အချိန်ကြာလာမှ ဖြစ်ပေါ်လာတာမဟုတ်ဘူး ၊ စဉ်းစား တွေးခေါ်ပြီးမှ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး ၊ ( ဒီနေရာမှာ တစ်ခုသတိပြုဖို့က ___ မြန်ဆန်တယ်ဆိုတာနဲ့ အခုတွေ့ အခုချစ်လဲမဟုတ်ပါဘူး ၊ အခုတွေ့ အခုချစ်ဆိုတဲ့ အချစ်စိတ်မျိုးကတော့ ရှိတော့ရှိကြပါတယ် များသောအားဖြင့်ရှားပါတယ် ၊ ယောက်ကျာင်္းလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် သူတို့ရင်ထဲမှာ အချစ်စိတ်တခု ဖြစ်ပေါ်လာဖို့ဆိုတာ ခက်လဲခက်ခဲသလို ၊ လွယ်ကောင်းလဲလွယ်နိုင်ပါတယ် ၊ ကိုယ် ပစ်လွှတ်လိုက်တဲ့ မြားတစ်စင်းကို ကိုယ်ပြန်ဖမ်းလို့ မိချင်မိမယ် ကိုယ့်အချစ်စိတ်ကိုတော့ ကိုယ်ပြန်ဖမ်းမိဖို့နေနေသာသာ နေ့ခင်းကြောင်တောင် ဓာတ်မီးနဲ့လိုက်ထိုးရှာတာတောင်မှ တွေ့နိုင်မှာမဟ...
Comments
Post a Comment