အာရုဏ်ဦးမှာ
 ညမင်းကြယ်တံခွန်

အာရုဏ်ဦးမှာ
ဘုရား ၊ တရား ၊ သံဃာ
ရှိခိုးဦးတိုက်လို့သာ
ဒီနေ့တစ်နေ့တာ
ဤကမ္ဘာအရပ်တခွင်မှာ
အလုံးစုံ အေးရိပ်မာကြပါစေ ။ ။

ညစိမ့်ချမ်းမှာ
ဘုရား ၊ တရား ၊ သံဃာ
ရှိခိုးဦးတိုက်လို့သာ
မနက်ဖြန် နံနက်မှာ
ပွင့်သော နေခြည်အဖြာဖြာ
အငြိုးရန်များဖယ်ကွာနိုင်ကြပါစေ ။ ။

Comments

Popular posts from this blog