ချစ်ခဲ့တယ် ချစ်သူမဟုတ်ခဲ့
ညမင်းကြယ်တံခွန်

ခင်တွယ်စရာ  ကြင်နာသူဆိုလို့
ဒီကမ္ဘ္ဘာမှာ မင်းတစ်ယောက်သာရှိတယ်
ဝေဒနာတွေ အမုန်းဒဏ်ရာကိုပေးသူကလဲ
ဒီကမ္ဘ္ဘာမှာ မင်းတစ်ယောက်သာ
အများဆုံး ပေးခဲ့တယ် . . .
ပျော်ခဲ့ရတဲ့အချိန်တွေဟာ . . .
ဒီနေ့မှာ အထီးကျန်ဆန်ဖို့
ဖြည့်ဆည်းပေးခဲ့တဲ့ အတိတ်တခုဖြစ်လာခဲ့တယ်
အတိတ်တခုက ချစ်ခဲ့ကြတဲ့ ချစ်သူရယ်
အခုတော့ ငါအချစ်ကို မင်းမြေမှာနင်းခဲ့တယ်
မင်းကမှန်ပါတယ် မှားတာက ငါပါ
ဘာလို့ဆို . . မင်းက ငါအတိတ်က ချစ်ခဲ့ဖူးတဲ့
မိန်းကလေးမှမဟုတ်တော့တာ . . . . . .
လက်ရှိပြောင်းလဲခြင်းရဲ့
မိန်းကလေးတစ်ယောက် ဖြစ်နေလို့ပဲ ။

Comments

Popular posts from this blog