Posts

Image
Nya Min Khyal Ta Khon   ည မင်း ကြယ် တံ ခွန်  👦အပျော်နဲ့ပျော်ရွှင်မှု့👧  ခေါင်းစဉ်တပ်ထားတာတော့ ကြာပါပြီ ၊ ရေးမယ် ရေးမယ်နဲ့မလှည့်နိုင်ခဲ့ဘူး ၊ ပထမဦးဆုံး(အချစ်စိတ်ဘယ်လိုဖြစ်ပေါ်လာလဲပေါ့. . . ?) မေးသင့်တဲ့ မေးခွန်းပါ ၊ (အချစ်စိတ်ဆိုတာ ဘယ်လိုဖြစ်ပေါ်လာလဲ ) အမျိုးမျိုးဖြစ်ပေါ်လာတတ်တယ် ။ အချစ်စိတ်ဆိုတာ လျှပ်စီးတခုလိုပါပဲ မြန်ဆန်တယ် ၊ အမှတ်မထင် ဖြစ်ပေါ်လာတာပါ ၊  အချိန်ကြာလာမှ ဖြစ်ပေါ်လာတာမဟုတ်ဘူး ၊ စဉ်းစား တွေးခေါ်ပြီးမှ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး ၊ ( ဒီနေရာမှာ တစ်ခုသတိပြုဖို့က ___ မြန်ဆန်တယ်ဆိုတာနဲ့ အခုတွေ့  အခုချစ်လဲမဟုတ်ပါဘူး ၊ အခုတွေ့ အခုချစ်ဆိုတဲ့ အချစ်စိတ်မျိုးကတော့  ရှိတော့ရှိကြပါတယ်  များသောအားဖြင့်ရှားပါတယ် ၊  ယောက်ကျာင်္းလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် သူတို့ရင်ထဲမှာ အချစ်စိတ်တခု ဖြစ်ပေါ်လာဖို့ဆိုတာ ခက်လဲခက်ခဲသလို ၊ လွယ်ကောင်းလဲလွယ်နိုင်ပါတယ် ၊ ကိုယ် ပစ်လွှတ်လိုက်တဲ့ မြားတစ်စင်းကို   ကိုယ်ပြန်ဖမ်းလို့ မိချင်မိမယ် ကိုယ့်အချစ်စိတ်ကိုတော့ ကိုယ်ပြန်ဖမ်းမိဖို့နေနေသာသာ  နေ့ခင်းကြောင်တောင် ဓာတ်မီးနဲ့လိုက်ထိုးရှာတာတောင်မှ တွေ့နိုင်မှာမဟ...
Image
Nya Min Kyal Ta Khon     ည မင်း ကြယ် တံ ခွန်   ငါကဗျာ ငါတရား ငါအချစ် ကမ္ဘာ့မြေကို ကဗျာတွေနဲ့ ပန်ဆင်ခဲ့မယ် ။ ဘဝကဗျာ. .အလှမပါ ပျိုးချယ်ရာဝယ်. .ပွင့်လာသောပန်း နေခြည်ဆန်းသစ်. .အလှစစ်နှင့် ရွှင်ဆင့်ထွက်လာ. .ငါ မေတ္တာ ။ မလိုသူပစ်. .လိုသူချစ်ရင်း အဖော်ကင်းကွာ. .ငါ မျက်နှာမှာ အက္ခရာဆိုတာ. .အမုန်းမရှိ ။ မာယာရစ်တိုး စောင်းကြိုးငြိကာ ပျော်ရှာသည့် မိန်းမယုတ် ငါ သွေးကိုစုပ် ငါ ငါအသက် နုတ်သွားခဲ့တယ်။ ဓမ္မတရား. . ကိုယ်ကျင့်အားနဲ့ ငါသည်ထိန်းသိမ်း. .အမျက်ယိမ်း၍မထွက်ခဲ့ပေ ။ နောက်ဆုံး ကမ္ဘာ့မြေကို အမြတ်ဆုံး ကဗျာတွေနဲ့ နူတ်ဆက်ခဲ့မယ် ။
Image
Nya Min Kyal Ta Khon                      ည မင်း ကြယ် တံ ခွန် သော့တံ ဆိုးဝါးတဲ့အရာဝတ္ထုတွေ ထည့်သိမ်းထားတဲ့ သေတ္တာတစ်လုံးဆို ကိုယ် ဘယ်တော့မှဖွင့်မကြည့်ဘူး အဲ့ဒီသော့တံကို လွှင့်ပစ်လိုက်မယ် ဒါပေမယ့် . . . ကိုယ်က အခု သော့တံပြန်ဖြစ်ပြီး ဖွင့်လိုက်ရတဲ့ ဆိုးဝါးခြင်းတွေမနည်းတော့ဘူး ။
Image
  . Nya Min Kyal Ta Khon ည မင်း ကြယ် တံ ခွန် ဝါဂွမ်းဖြူ ရှည်လျှားတဲ့ ရေလယ်ကျောမှာ ဝါဂွမ်းဖြူလေး လူတွေရဲ့ထွေးခွက်ထဲမှာ ဒဏ်ရာများစွာနဲ့အတူ မျောလွင့်လာတယ် ။ သူမဆီမှာ ပိုင်ဆိုင်တာဆိုလို့ အမည်မသိ ဒဏ်ရာတဝက်နဲ့ အဖြေမရှိ မေးခွန်းတချို့ကိုပဲပိုင်တယ် ။ သူမရဲ့ဒဏ်ရာကို ဆေးသိမ့်ပေးရင်း နစ်မွန်းခံခဲ့ရသော သူမအသဲနှလုံးဟာ ကန္တရအလယ်မှ အလှဆုံးပန်းတစ်ပွင့်လို 'နေ'ရိုက်ခတ်ဒဏ် လောင်ကျွမ်းနေပြီလေ ။ 'ဖြုတ်' ခနဲ့ ကြွေသွားတဲ့ စံပယ်တစ်ပွင့်ပမာ ချက်ခြင်းတော့ မနွမ်းနိုင်ပေမယ့် တဖြည်းဖြည်း တရွေ့ရွေ့နဲ့ပေါ့ လောကဓာတ်အမိန့်ကို နာခံခဲ့ရတယ် ။ မဟူရာညရဲ့ မှောင်ရိပ်အလယ်မှာ အမှတ်မထင် လမင်းကိုတွေ့လိုက်သလိုပဲ သူမ အေးငြိမ်းပါစေလို့ ဆုတောင်းရင်း ဝေဒနာမရှိမျက်ရည်တစ်ပွင့် လမင်းရဲ့ရင်ခွင်ထဲမှာ စီးကျနေတယ် ။ #ညမင်းကြယ်တံခွန်
Image
  Nya Min Kyal Ta Khon ည မင်း ကြယ် တံ ခွန် ခြေလှမ်း(စ/ဆုံး) မင်း ကြားရဲ့လား ချစ်သူ ငှက်ကလေးတွေ သီချင်းဆိုနေပြီ အတောင်ပံရှိလို့ လွတ်လပ်စွာပျံသန်းနိုင်ပေမယ့် သူတို့အတွက် ခွဲခွာခြင်းတွေကို ဒီအတောင်ပံကပဲ ဦးဆောင်သွားတယ် ။ မင်း ကြားရဲ့လား ချစ်သူ ကြယ်လေးတွေ သီချင်းဆိုနေပြီ အမြင့်မှာလင်းနုဝေစွာ ထွန်းတောက်ပေမယ့် သူတို့အတွက် မှိတ်သုန်းကျခြင်းတွေကို ဒီအမြင့်ကပဲ ဦးဆောင်သွားတယ် ။ မင်း ကြားရဲ့လား ချစ်သူ အချစ်တွေ သီချင်းဆိုနေပြီ မေတ္တာရှိလို့ သာယာစွာကြင်နာနိုင်ပေမယ့် အချစ်တွက်  ခွဲခွာ ၊ သေဆုံးခြင်းမျက်ရည်တွေကို ဒီမေတ္တာကပဲ ဦးဆောင်သွားတယ် ။ မင်း ကြားရဲ့လား ချစ်သူ ခြေလှမ်းလေးတွေ ငိုရှိုက်နေပြီ ဒီခြေလှမ်းလေးတွေနဲ့အတူ   တွေ့ဆုံချစ်ခဲ့ကြပေမယ့် ခု ပြီးဆုံးခြင်းကိုလဲ ဒီခြေလှမ်းလေးတွေကပဲ ရင်ဆို့ရင်း ဦးဆောင်သွားတယ် ။
Image
Nya Min Kyal Ta Khon     ည မင်း ကြယ် တံ ခွန်   ငါစိတ်နဲ့ငါ အရိပ်ကိုရှာ ''ခဏဆိုပြီး ''အပြင်ထွက်ဖို့လုပ်တော့ ''နေပါအုန်း''လို့ ငါက လှမ်းတားပြီး ငိုနေလိုက်မယ် ငါ ဒီအလွမ်းလေးကို ချစ်တာကိုး။ ''ခဏဆိုပြီး''ဝင်လာမယ့်လုပ်တော့ '' သွားကွာ''လို့ ငါ မောင်းထုတ်လိုက်ပြီး ဆက်-ငိုနေတယ် ပျော်ရွှင်ခြင်းထက် ဒီဝမ်းနည်းစရာက ငါကို စွဲဆောင်မှု့ပိုရှိလို့လေ ။ ပိုက်ကွန်အပေါက်နဲ့ ငါးမိနေသလို ငါ အသိကို ငါ ညာဉ်ကလက်မခံဘူး ငါ ဆက်မှားပြီး ရူးမိုက်နေမှ ရေခဲပြင် အခိုးအငွေ့လို အသက်မဲ့အေးချမ်းမှု့တွေက စိတ်ကို ကူးစက်ဝင်လာတယ် ။ တဖြည်းဖြည်းနဲ့ ငါလဲ စိတ်ညစ်နေပြီ ငါရဲ့ ရွေးချယ်မှု့တွေက တောင်တန်းတွေလို မာကျောနေပြီး ငါ အတွက် သူတို့တွေကို လေပြေလိုနူးညံ့လာဖို့ သစ်ပင်စိုက်မှ ဖြစ်တော့မယ် ဒါမှ ငါစိတ် အရိပ်ရမှာ ။ မတ်လ 2015 #ညမင်းကြယ်တံခွန်
Image
Nya Min Kyal Ta Khon ည မင်း ကြယ် တံ ခွန်  နေမရှိသည့် မီးအိမ် ကြယ်အလင်းခတိုင်း မြ ၊ ရွှေဖြစ်ရင် လူဘိန်းသားများ ဆုတောင်းပြည့်ပြီပေါ့ ။ ဖောင်တန် မလို ၊ မှင် မလို ရည်မှန်းချက် ကိုယ်စီနှင့် ကိုယ့်အသိကို ပြန်ချယ်မှုန်းရမယ့် လူ့ဘဝဆိုတာ ပန်းချီပြိုင်ပွဲဖြစ်တယ် ။ (သြော် . . ) အမိငယ် အသိမကြွယ်လေသမျှတော့ ဘဝအဘိဓာန်ဆိုတာ အလှမဲ့သော တိမ်တိုက်ဖြစ်လိမ့်မယ် ။ လောကကိုရင်နာ ဆန္ဒကိုရှေ့တန်းတင်လို့ ပြန်ရမယ့် ဝေဒနာက အမိငယ် . . . မင်းအတွက် 'မျှတ'မှာမဟုတ်ဘူး ။ ပင်ယံမှာ ဝေ မြေ၌ ကြွေ တိမ်ယံမှာလှ မြေ၌ ခ ပန်းနှင့်ကြယ်လို သဏ္ဍာန်တူ လူ့ဘဝပါ ။ ပျိုရွယ်တဲ့ဆည်းဆာမှာ ငိုနေသည့် အမိငယ် ဘဝကိုဖျက် လင်းတငှက်တို့ရဲ့ ရီမောသံကို မင်းကြားလား ။ အလင်းရောင် ဆိတ်သုဉ်းခဲ့လို့ နေသူရိန် ချုပ်ငြိမ်းလွန်စေ ထွန်းတောက်ဝေ မီးအိမ်နဲ့ တို့ ဆက်လို့လျှောက်ကြမယ် ။ အချိန်တန် ထားခဲ့ရမယ့်ဘဝဆိုသော်လည်း သွားရင်းနဲ့အမောဖြေကြမယ် အမိငယ် ။