လူသားစားပွဲတော်
ညမင်းကြယ်တံခွန်

မြို့ပြတွေရဲ့ ထရံကြားထဲမှာ
အလင်းတဝက် မြေမှာမြုပ်နေတယ် ~

ချစ်သူရေ . . .
လူသားစားပွဲ လောကမြေရဲ့
တစိတ်တပိုင်းမှာတော့ . . . .
အေးငြိမ်းရာ ရှိကောင်းရှိနိုင်တယ် ~

အပေါ်ယံကော်ဇော်တွေ
ခင်းချယ်သနေတဲ့ '' လူ '' တွေနဲ့
စကားမဆုံမိအောင် . . . .
ကြည့်ရှောင်ကြမယ် ~

ကျားတစ်ကောင်ရဲ့မျက်ရည်ကို
ဂရုဏာရှေ့ထား သနားမိရင်
ဘဝပျက်ရဲ့ ညဇရပ်အိုဖြစ်လိမ့်မယ် ~

အလျှား အနံမရှိ တံတားတစ်စင်းပေါ်
လျှောက်လှမ်းဖြတ်ဖို့ဆိုတာ . . . . .
လွယ်ကောင်းလွယ်နိုင်လိမ့်မယ်
ဒါပေမယ့် . . . . .
သစ္စာအမှားကို ကျင့်သုံးနေတဲ့
ဒီလောကကြီးထဲမှာတော့
နေ့ ၊ ည မပြတ် . . .
လူသားစားပွဲတော်တွေရှိနေတယ် ~

Comments

Popular posts from this blog