ရောင်းကုန်
ညမင်းကြယ်တံခွန်
တိမ်ယံကို ပန်ဆင်တဲ့လမင်းက
မိုးပေါ်မှာ တင့်ဖြာပေမယ့်
နွေဒဏ်ကို ခံစားရတဲ့
ဝေဒနာသစ်ပင်ကတော့
ခုထိ. . . ဆွေးမပြေနိုင်ခဲ့ဘူး ~
ဟောင်းနွမ်းအို သစ်ငုတ်တိုတွေဟာ
တရာသီမိုးခိုလိုက်တာနဲ့
စိမ်းနုကြိုင် အနု အရွက် အပွင့်တို့နှင့်
ပြန်လည်လို့ ပင်စည်စိုပြေလာခဲ့တယ်
အကယ်၍ . . သံယောဇဉ်တွေသာ
ဟောင်းနွမ်းအိုခဲ့ရင် , , ,
ကိုယ်တို့ အိမ်မက်ထဲမှာ
လမ်းခွဲလို့ ပြီးဆုံးခြင်းပေါ့ ~
တကယ်တော့ . . . .
သစ္စာဆိုတာ ဆိုညည်းလို့ကောင်းတဲ့
လူသားတွေအတွက်
တေးတစ်ပုဒ်ဖြစ်ယုံလောက်ပါပဲ ~
ဒီသဘာဝကြီးလောက် . . .
ဘယ်သူမှ သစ္စာမရှိဘူး
ကိုယ့်ခန္ဓာကိုယ်လောက် . . .
အကြောက်ဆုံးရန်သူ မရှိဘူး ~
တကယ်တော့ . . .
လူ့ဘဝကြီးဟာ
ကိုယ့်ရင်ဝကို ကိုယ်ဓားနဲ့ပြန်စိုက်ထိုးပြီး
ဒဏ်ရာတွေ ရောင်းစားနေတဲ့
ဘဝရောင်းကုန် ။
ညမင်းကြယ်တံခွန်
တိမ်ယံကို ပန်ဆင်တဲ့လမင်းက
မိုးပေါ်မှာ တင့်ဖြာပေမယ့်
နွေဒဏ်ကို ခံစားရတဲ့
ဝေဒနာသစ်ပင်ကတော့
ခုထိ. . . ဆွေးမပြေနိုင်ခဲ့ဘူး ~
ဟောင်းနွမ်းအို သစ်ငုတ်တိုတွေဟာ
တရာသီမိုးခိုလိုက်တာနဲ့
စိမ်းနုကြိုင် အနု အရွက် အပွင့်တို့နှင့်
ပြန်လည်လို့ ပင်စည်စိုပြေလာခဲ့တယ်
အကယ်၍ . . သံယောဇဉ်တွေသာ
ဟောင်းနွမ်းအိုခဲ့ရင် , , ,
ကိုယ်တို့ အိမ်မက်ထဲမှာ
လမ်းခွဲလို့ ပြီးဆုံးခြင်းပေါ့ ~
တကယ်တော့ . . . .
သစ္စာဆိုတာ ဆိုညည်းလို့ကောင်းတဲ့
လူသားတွေအတွက်
တေးတစ်ပုဒ်ဖြစ်ယုံလောက်ပါပဲ ~
ဒီသဘာဝကြီးလောက် . . .
ဘယ်သူမှ သစ္စာမရှိဘူး
ကိုယ့်ခန္ဓာကိုယ်လောက် . . .
အကြောက်ဆုံးရန်သူ မရှိဘူး ~
တကယ်တော့ . . .
လူ့ဘဝကြီးဟာ
ကိုယ့်ရင်ဝကို ကိုယ်ဓားနဲ့ပြန်စိုက်ထိုးပြီး
ဒဏ်ရာတွေ ရောင်းစားနေတဲ့
ဘဝရောင်းကုန် ။

Comments
Post a Comment