လေဟုန်ဇော
ညမင်းကြယ်တံခွန်
အလွမ်းတမာမြေမှာ
အနမ်းတွေ တချိန်က ရှိဖူးတယ် ။
ဝေဒနာတွေ ၊
လေအလာမှာ ၊ ကေသာဖြူးတော့
ကြွေကော့ပွင့်ကြွေ ၊ ရွက်ပင်ချွေသော
လေဟုန်ဇောများ ချစ်အားဖျက်ခဲ့သည် ။
ခြေလူးရာတွေ ၊
မြေကမ္ဘာ့မှာ ၊ ဒဏ်ရာပွကျဲ
သေကွဲကြေကွဲ ၊ ဘဝလွှဲသော
လေဟုန်ဇောများ ချစ်အားခေါ်သွားသည် ။
အပြစ်မဲ့သူကို အချစ်မဲ့ကမ္ဘာ့က
ခေါ်ဆောင်သွားတော့
အလွမ်းဘုရင် အဖြစ်နဲ့
တို့က နူတ်ဆိတ်နေမိတယ် ။
ညမင်းကြယ်တံခွန်
အလွမ်းတမာမြေမှာ
အနမ်းတွေ တချိန်က ရှိဖူးတယ် ။
ဝေဒနာတွေ ၊
လေအလာမှာ ၊ ကေသာဖြူးတော့
ကြွေကော့ပွင့်ကြွေ ၊ ရွက်ပင်ချွေသော
လေဟုန်ဇောများ ချစ်အားဖျက်ခဲ့သည် ။
ခြေလူးရာတွေ ၊
မြေကမ္ဘာ့မှာ ၊ ဒဏ်ရာပွကျဲ
သေကွဲကြေကွဲ ၊ ဘဝလွှဲသော
လေဟုန်ဇောများ ချစ်အားခေါ်သွားသည် ။
အပြစ်မဲ့သူကို အချစ်မဲ့ကမ္ဘာ့က
ခေါ်ဆောင်သွားတော့
အလွမ်းဘုရင် အဖြစ်နဲ့
တို့က နူတ်ဆိတ်နေမိတယ် ။

Comments
Post a Comment