အချစ်ရှင်
  ညမင်းကြယ်တံခွန်

မသာယာတဲ့ ကိုယ့်အိမ်မက်ကြီးက
တိမ်တိုက်တွေရဲ့ကျောရိုးခံ
ကောင်းကင်တခု . . . . .
ဘယ်လိုညည်းထွားနေပါစေ
ကြယ်တစ်ပွင့် မကြွေသက်ဆင်းခဲ့ဘူး
လောကကို  ရင်နာခဲ့ရတယ် ~

ယူပါ . . . .
လှူ ပါတယ်
အချစ်အတွက်ဆို
ခန္ဓာကို စတေးပြီး
ဝိညာဉ်ကျွန်အဖြစ် . . . . .
အစဉ် ~~~ ခစားနေပါ့မယ် ~

ခွဲသွားပါ
စွဲစိတ်အခန်းငယ်မှာတော့  . . .
အငိုမလှတဲ့ အတွေးစလေးတွေက
ကိုယ့်ကို . . . . .
ပြန်ခြောက်လှန့်ရင်းးးးးးးးးးးးးးးးးး
လှေငယ်နဲ့အတူ သမုဒ္ဒရာဆီ
ပြေးထွက်သွားကြတယ် ~

မိုးလင်းတိုင်း ကိုယ်ကမိုးချူ ပ်နေတတ်တဲ့
သတ္တဝါလေးတစ်ကောင်ပါ
နေမင်းက အရှေ့ဖက်က
တိုးထွက်လာပေမယ့် . . . . .
ဘယ်တော့များမှ  , , , , ,
ကိုယ့်ရင်ခွင်ထဲက  ခိုးယူသွားတဲ့
အချစ်တခု . . . .
ပြန်လာပေးမလဲ ~

မမှတ်တော့တဲ့ အတိတ်ဆိုတာ
ရှိသော်ငြားလဲ . . . . . .
မဖတ်မိလိုက်တဲ့ နမိတ်ပုံလေးကတော့
ကိုယ့်ကို ဘယ်လိုသဏ္ဍာန်မျိုး
ဖြစ်စေခဲ့လဲ … … …
ကိုယ် ဆုချွေပါရစေ
နွမ်းခြောက်အို နွေကန္တရကို
ပန်းဖြောက်ဖြောက်မိုး
ရွာသွန်းပေးပါ အချစ်ရှင်။

Comments

Popular posts from this blog