အတ္တဒီရေ
 ညမင်းကြယ်တံခွန်

ကန္တရ အသဲတခြမ်းနဲ့  နွေရဲ့အရိပ်မှာ
အတောင်မပါ  ရော်ဝါလိုလွင့်တဲ့
ငါရဲ့ကမ္ဘာ့
မင်းမူနေတဲ့  သေမင်းရဲ့ရင်ခွင်ထဲ
ခိုတွဲမှီနေတဲ့  မျက်ရည်ဖြစ်ခဲ့တယ် ~

မိုးမလင်းတဲ့ ငါ့အိမ်မက်က နေလဲမဝင်ခဲ့
မစီးဆင်းပဲရပ်တန့်နေတဲ့ မြစ်တစ်စင်းက
ငါကို စောင့်မျှော်နေလို့
အနမ်းမရခင်  အလွမ်းရခဲ့ပြီ
မျက်ရည်မခတဲ့ ဘဝဆိုတာလဲ မရှိနိုင်ဘူး ~

အမှောင်ထဲမှာ သရဲကိုမမြင်သလို
မိုက်မှောင်နေတဲ့ ငါဘဝကိုလဲ
ငါ ပြန်မမြင်နိုင်ခဲ့ဘူးးးး
တကယ်တော့ . . .
'' ဒီရေ ''တတ်သွားလို့ပါ ။

Comments

Popular posts from this blog