မိုးမီးတောက်
ညမင်းကြယ်တံခွန်
ပန်းပွင့်တာကို လူတွေမြင်ပေမယ့်
ငါ. . ရင်ထဲမှာ
သံယောဇဉ်တွေ ရစ်ခွေနေတာကို
ဘယ်လူတွေ မြင်သိကြသလဲ ~
အချစ်ရေ . . .
တို့နှစ်ဦးရဲ့ အချစ်ဟာ
မိုးတိမ်လွှာ လေအုပ်လို့
ရွေ့လျှားသုတ်ခဲ့ရတယ်လေ ~
စကားကို စကားအဖြစ်နဲ့တော့
ကိုယ်. . . မပြောချင်ဘူး
ဘာလို့လဲဆိုတော့ , , ,
ကိုယ်. .ရင်ထဲက သွေးမျက်ရည်တွေနဲ့
ဖွဲ့စည်းထားတဲ့ ချစ်ခြင်းသစ္စာမို့ပါ ~
တရားကို တရားအဖြစ်နဲ့တော့
ကိုယ်. . . မကျင့်ကြံချင်ဘူး
ဘာလို့လဲဆိုတော့ , , ,
ကိုယ်. .ရင်ထဲက ယုံကြည်အားကိုးမှုနဲ့
လွတ်မြောက်ရာ သစ္စာတရားမို့ပါ ~
အို . . . နောက်ဆုံးတော့လဲ
ဒီလောကကြီးက
ကိုယ်ရဲ့ ခွင့်ပြုချက်မယူပဲ
ကိုယ်ကို မောင်းထုတ်နှင်ခဲ့တယ်
တကယ်တော့လဲ . . . . .
ကိုယ် ခွင့်ပြုလို့ ကိုယ်ချစ်တဲ့သူတွေကို
ခေါ်ဆောင်ခြင်းမဟုတ်ခဲ့
ကိုယ်ခွင့်မပြုလဲ , , ,
အရာရာဟာ မနေ့ကတိုင်းပါပဲ
မိုးမီးတောက်နေတုန်းပါပဲ ။
ညမင်းကြယ်တံခွန်
ပန်းပွင့်တာကို လူတွေမြင်ပေမယ့်
ငါ. . ရင်ထဲမှာ
သံယောဇဉ်တွေ ရစ်ခွေနေတာကို
ဘယ်လူတွေ မြင်သိကြသလဲ ~
အချစ်ရေ . . .
တို့နှစ်ဦးရဲ့ အချစ်ဟာ
မိုးတိမ်လွှာ လေအုပ်လို့
ရွေ့လျှားသုတ်ခဲ့ရတယ်လေ ~
စကားကို စကားအဖြစ်နဲ့တော့
ကိုယ်. . . မပြောချင်ဘူး
ဘာလို့လဲဆိုတော့ , , ,
ကိုယ်. .ရင်ထဲက သွေးမျက်ရည်တွေနဲ့
ဖွဲ့စည်းထားတဲ့ ချစ်ခြင်းသစ္စာမို့ပါ ~
တရားကို တရားအဖြစ်နဲ့တော့
ကိုယ်. . . မကျင့်ကြံချင်ဘူး
ဘာလို့လဲဆိုတော့ , , ,
ကိုယ်. .ရင်ထဲက ယုံကြည်အားကိုးမှုနဲ့
လွတ်မြောက်ရာ သစ္စာတရားမို့ပါ ~
အို . . . နောက်ဆုံးတော့လဲ
ဒီလောကကြီးက
ကိုယ်ရဲ့ ခွင့်ပြုချက်မယူပဲ
ကိုယ်ကို မောင်းထုတ်နှင်ခဲ့တယ်
တကယ်တော့လဲ . . . . .
ကိုယ် ခွင့်ပြုလို့ ကိုယ်ချစ်တဲ့သူတွေကို
ခေါ်ဆောင်ခြင်းမဟုတ်ခဲ့
ကိုယ်ခွင့်မပြုလဲ , , ,
အရာရာဟာ မနေ့ကတိုင်းပါပဲ
မိုးမီးတောက်နေတုန်းပါပဲ ။

Comments
Post a Comment