နင် မငိုပါဘူး
ညမင်းကြယ်တံခွန်
သန်းခေါင်ယံ ခြေထောက်နဲ့
အမှောင်ယံမြစ်ကို ဖြတ်ကူးခဲ့ရတယ် ,
နင် မပါတဲ့ ငါ့ခရီးက
လေပြေမလာတဲ့ ရပ်ဝန်းနယ်ဖက်ကို
မုန်တိုင်းနဲ့အတူ ပျံ သန်းခဲ့ရတယ် ,
လမ်းတဝက်ရောက်မှတော့
နင် လှမ်းခေါ်နေလို့လဲ
အပိုပဲ . . .
မျက်စီမမြင်တဲ့သူကိုမှ
ကောင်းကင်က ဖြူ သလားမေးရင်
နင်ဟာ အရူးပဲ ,
ငါဘဝက . . .
ကမ္ဘာ့တဖက်မှာ
အမြစ်တွေထွက်လာတဲ့ သစ်ပင်
နင်တို့ရဲ့
ရင်တွင်းအတု
မေတ္တာအသိုင်းအဝိုင်းထဲမှာ
သေရာပါ ဒဏ်ဝေဒနာကြိမ်ချက်တွေကို
ငါ သုံးဆောင်ခဲ့ပြီးပြီ
သေတော့မှ မျက်ရည်ကျတဲ့သူကို
ငါ အမုန်းဆုံးပဲ ,
တကယ်တော့ . . .
နင် ငိုနေတာမဟုတ်ဘူး
မိုးပြိုကျ နေတာပါ
နင် လွမ်းတဲ့ ငါအကြောင်းက
မပေါင်းစပ်လိုက်ရတဲ့
ငါရဲ့ သံယောဇဉ်တွေကို
နင် မီးဖိုနေတာပါ ။

ညမင်းကြယ်တံခွန်
သန်းခေါင်ယံ ခြေထောက်နဲ့
အမှောင်ယံမြစ်ကို ဖြတ်ကူးခဲ့ရတယ် ,
နင် မပါတဲ့ ငါ့ခရီးက
လေပြေမလာတဲ့ ရပ်ဝန်းနယ်ဖက်ကို
မုန်တိုင်းနဲ့အတူ ပျံ သန်းခဲ့ရတယ် ,
လမ်းတဝက်ရောက်မှတော့
နင် လှမ်းခေါ်နေလို့လဲ
အပိုပဲ . . .
မျက်စီမမြင်တဲ့သူကိုမှ
ကောင်းကင်က ဖြူ သလားမေးရင်
နင်ဟာ အရူးပဲ ,
ငါဘဝက . . .
ကမ္ဘာ့တဖက်မှာ
အမြစ်တွေထွက်လာတဲ့ သစ်ပင်
နင်တို့ရဲ့
ရင်တွင်းအတု
မေတ္တာအသိုင်းအဝိုင်းထဲမှာ
သေရာပါ ဒဏ်ဝေဒနာကြိမ်ချက်တွေကို
ငါ သုံးဆောင်ခဲ့ပြီးပြီ
သေတော့မှ မျက်ရည်ကျတဲ့သူကို
ငါ အမုန်းဆုံးပဲ ,
တကယ်တော့ . . .
နင် ငိုနေတာမဟုတ်ဘူး
မိုးပြိုကျ နေတာပါ
နင် လွမ်းတဲ့ ငါအကြောင်းက
မပေါင်းစပ်လိုက်ရတဲ့
ငါရဲ့ သံယောဇဉ်တွေကို
နင် မီးဖိုနေတာပါ ။

Comments
Post a Comment