ဘဝရဲ့အချစ်အား
  ညမင်းကြယ်တံခွန်

ရဲသွေးမာန် အပြည့်အဝနဲ့
ကျောက်ခတ်နေတဲ့ . . . .
ငါ ရဲ့ဝိညာဉ်ကို
ပန်းပဲဖိုထဲမှာ ပုံလာမသွင်းနဲ့ ~

စူးရှနေတဲ့  သူမရဲ့အကြည့်မှာ
သံဟာ မီးဖိုထဲ အရည်ပျော်သလို
ငါဟာ  သေချင်သေပါစေ
အစွန်းရောက်ထိ ချစ်သွားမယ် ~

ဘက်မမျှတဲ့  လောကဓံနယ်ထဲမှာ
''ဓား ''မပါတဲ့  ဓားအိမ်တစ်ခုနဲ့
ငါ ဘဝကို . . . .
မဖြေသိမ့်နိုင်ဘူး ~

အလင်းမရှိတဲ့ ကမ္ဘာ့တစ်ခုဆိုရင်တော့
ထမင်းချက်တဲ့  ထင်းမီးအလင်းနဲ့
ငါ ဟာ . . .
ပန်ဆင်နေပြီး ကျေနပ်စွာပြုံးပြမယ်~

အလင်းရှိတဲ့  ဒီကမ္ဘာ့မှာ
ပြိုင်မျဉ်းများစွာနဲ့အတူ
ငါ ဟာ . . . .အချစ်အတွက်ဆို
ကမ္ဘာ့ကြီးကို ကိုင်လှုပ်ဖို့
မကြွေပါးခဲ့ဘူး ~

ကြွေတယ်ဆိုတာ  သစ်ရွက်
ဝေမျှ ခြင်းဆိုတာ  အချစ်တွက်
ရဲရင့်မှု့နဲ့  အကြင်နာကို
ပေးဆပ်ရင်း . . . .
ကိုယ်ယုံကြည်ရာ ကိုယ့်အရှင်သခင်
ငါ ဟာ
ဘဝအတွက်  အချစ်ကိုကိုးကွယ်မယ် ~

မတိမ်ကော မပပျောက်တဲ့
အလင်္ကာ ကဗျာတွေလို
ငါရင်မှာ  သူ့ကိုချစ်တဲ့ အချစ်တွေက
ဘယ်တော့မှ . . . . .
   ဘယ်အခါ မှ
       ဘယ်ဘဝမှ
           ဘယ်သူမှ
              မမှီနိုင်တဲ့အချစ်မျိုး  ~

ရဲသွေးမာန် အပြည့်အဝနဲ့
ငါနဲ့ ငါရဲ့ချစ်ခြင်းကြားထဲမှာ
မီးဟုန်ဟုန် တောက်နေပါစေ
ထီးမလှုံလို့  စိုစိုရွှဲနေပါစေ
နေဇာသစ်နေတဲ့  အချစ်မျိုးနဲ့
ရင်မှာ မေတ္တာချို လို့
မလိုသူတွေကို  တံတားထိုးပြီး
ပန်းများစွာ ကျဲ ဖြန့်နေမယ် ။

Comments

Popular posts from this blog