ခြေရာမဲ့ တိမ်တိုက်သစ္စာ
  ညမင်းကြယ်တံခွန်

ဘဝအပျက်မှာ
လင်းတငှက်က လာခိုနားနေတယ် ~

သေးသွယ်သွယ် အလင်းတစရဲ့
ပိုင်နက,်နယ်မြေထဲမှာ . . . .
အမှောင်ရိပ်က
အင်အားကောင်းနေတော့
သူတို့ အလိုကျပေါ့  အချစ်ရယ် ~

မတတ်စွမ်းနိုင်တော့ဘူးးး
နှစ်ကိုယ် သစ္စာ
ရင်မှာ ပိုက်လို့
မောင်တို့   . . . . .
ကိုယ့်အသဲကို ကိုယ်ပြန်ခွဲပြီး
လမ်းလွဲနေကြမယ် ~

မပြုံးနိုင်တော့ဘူးးး
မုန်းလဲ မုန်းမသွားပါဘူးး
ဂုဏ်ဒြပ်တခုရဲ့ ရစ်နှောင်မှု့ဟာ
သစ္စာနဲ့သံယောဇဉ်ကို . . . .
မြုပ်နှံလို့  စတေးနိုင်တယ် ~

အမှီမရှိ  ချည်ထိုင်မဲ့နေတဲ့
တိမ်ငယ်လေးတွေ . . . . . .
လေပြေခေါ်ရာနောက် လိုက်ရင်း
ကြွေ ကြွေခဲ့ရတာ
လူ့ဘဝတွေလိုပါပဲ ~

တကယ်တော့ . . . .
ပန်းဥယျာဉ်မှာ  ပန်းခူးနေတာမဟုတ်ပါဘူး
ရမ္မက်နွံ့နစ်နေကြတာပါ သစ္စာ ။

Comments

Popular posts from this blog