လူသစ်
ညမင်းကြယ်တံခွန်

''မောင်''နဲ့သာဆို. . . .
မီးကို အာငုံ
ချစ်ပုံ အပ်မယ်
တချိန်တုန်းက
မင်းစကားဆိုဖူးတယ်။

''မောင်''မရှိရင်
လွင်ပြင်အိုလို
ဆွေးငို နေမယ်
တချိန်တုန်းက
မင်းဒီစကားဆိုဖူးတယ်။

မင်း စကားနဲ့
မင်းရဲ့ဆည်းဆာ
မာယာ ဆောင်သမျှ
ကိုယ့် ဘဝတွေညဖြစ်ခဲ့ရတယ်။

မင်းစိတ်တိုင်းကျ
နေ့  ည မပျက်
ကိုယ်နေခဲ့ပေမယ့်. . .
နောက်ဆုံးတော့ 
မင်း လမ်းခွဲခဲ့တယ် ။

မျက်ရည်ခါးတို့ပွင့်ကြွေခြောက်
လူသစ် တစ်ယောက်ရဲ့
ရင်ခွင်မှာ  မင်းသာယာပါစေ ။

အနမ်းပေးသမျှ
အလွမ်းတွေခ
မင်းက
အခုတော့ . . . .
''မောင့်အတွက် လူသစ် ။

Comments

Popular posts from this blog