အဘယ့် အဘယ့်
  ညမင်းကြယ်တံခွန်
 

မနက်ခရီး ၊
ရောင်ငယ်စီးလို့ ၊ အထီးကျန်ဆန်
လေဟုန်မင်းတို့ ၊ ခြေသုန်သုတ်ကာ
နေပူမှာလျှောက် ၊ မီးတောက်ဝမ်းစာ
ဖြည့်သာနိုင်မှ   ၊  ရွှင်ပြုံးလှတဲ့
ငါရဲ့ခန္ဓာ  အဘယ့်သစ္စာရှိမည်နည်း ။

နေ့လည်ခရီး ၊
ခွန်းအားစီးလို့ ၊ မိုးသီးဝေဝေ
လေတီးချွေတဲ့ ၊ နေမွန်းတည့်မှာ
ငါရဲ့ဖဝါး   ၊ ဆူးချက်စားလို့
ဘဝတို့ရဲ့ ၊ အားခွန်သစ်နဲ့
ငါရဲ့ခန္ဓာ အဘယ့်မေတ္တာရှိမည်နည်း။

ညနေခရီး ၊
လေပြေစီးကာ ၊ ယွန်းလွှာနုနု
ဆွေးသုသုနယ် ၊ ပျိုးမှောင်တစ
ဝမ်းတဝနဲ့  ၊ မှေးရစ်သွယ်သွယ်
ဘဝနယ်မှ  ၊ ယာယီသိမ်းခဲ့
ငါရဲ့ခန္ဓာ အဘယ့်သုသာန်ဆိုက်မည်နည်း။

Comments

Popular posts from this blog