ဝေဒနာအိမ်မက်
 ညမင်းကြယ်တံခွန်

အခါတပါး ၊ ငါအနားသို့
ပြေးလွှားရောက်လာ ၊ ချစ်သက်လျာသည်
ဝေဆာရွှင်ပြုံး ၊ ပန်းသီကုံး၍
အနမ်းမျှလျှက် ၊ လက်ချင်းယှက်ကာ
ဒီမြေပေါ်မှာ ကြည်နူးဖူးခဲ့တယ် ။

အခါတပါး ၊ ငါအနားသို့
ပြေးလွှားရောက်လာ ၊ ချစ်သက်လျာသည်
မျက်ရည်စို့လျှက် ၊ မိုးညို့ညို့မှာ
ငိုကာရှိုက်လို့ ၊ ခိုရာရင်ခွင်
ငါ၏ရင်၌  ၊  မှေးစက်မွေ့လျော်
ဒီမြေပေါ်မှာ ငါအား - ထားရစ်ခဲ့လေပြီ။

အခါတပါး ၊ ငါရဲ့''နား''မှာ
သက်လျာခေါ်သံ ၊ နေ့ ၊ ည မပျက်
ကြားလျှက်ပေါ်လာ ၊ ထင်သာမတွေ့
မြင်ကာမတွေ့ ၊ ပြန်နှင့်သက်လျာ
နေခြည်ဖြာလို့  ၊ ဆည်းဆာဝါရင်
မျက်ဝန်းပြာပြာ ၊ အိမ်ယာအလွမ်း
ဒီမြေမှာခမ်းခြောက်ပါစေသတည်း ။

Comments

Popular posts from this blog