အိပ်နေပါ - ပျို မေ
ညမင်းကြယ်တံခွန်
( ;အဆင်ပြေရဲ့လား }
" အင်း … ပြေပါတယ်လို့ပဲ
အံ့ကြိတ်ခဲ့တယ်လေ ~
သူ့ကို ပြန်မေးချင်တယ်
ဘယ်ဘဝတွေကကော အဆင်ပြေသလဲပေါ့
ဘယ်ဒုက္ခတွေက ချို မြနေသလဲပေါ့
ဒီလိုပါပဲ . . . လေပြေရှူ ရင်း
မီးပုံထဲရောက်လိုက်
အချစ်ရေစင် ခပ်သောက်လိုက်နဲ့
အမောမပြေလဲ . . . . . .
လျှောက်ရမယ့်လမ်းက သေခြင်းဆိုတော့
ခပ်ပါးပါးလေးပဲ ကိုယ်တွန်းတိုက်တတ်ခဲ့ရတာပေါ့
ဒါတွေ မင်းကိုမသိစေချင်လို့
အိပ်နေပါ … … ပျို မေ ~
အချိန်တွေကို ကာလတွေက
စားသောက်ပြီးးးးးး
ကာလတွေကို ရာသီတွေက
ပြန်စားသောက်ကြတယ်
ရာသီတွေကို သက္ကရာဇ်တွေက
ပြာအဖြစ်နဲ့ မီးရှို့ ပစ်တယ်
အဲ့ဒီထဲမှာ လူသားတွေရဲ့
မျက်ရည်တွေနဲ့ ဖွဲ့စည်းထားတဲ့
သံယောဇဉ် အင်ပါယာကြီး
ဖျက်စီး ပြိုကွဲ ဝေးကွာ ခွဲခြင်းတွေ
အသက်မဲ့ခဲ့ကြတယ်လေ ~
တကယ်တော့ … … ပျို မေ
ကိုယ့်အသဲက အစိတ်စိတ်
ကြွေမွခဲ့တာမဟုတ်ဘူးးးးးး
တသိမ့်သိမ့် ငိုရှိုက်ဟစ်ကြွေးနေရင်း
ပြိုင်ဘက်မဲ့ အလွမ်းဘုရင်ဖြစ်ခဲ့ရတယ် ~
တစ်ယောက်တည်း မျက်ရည်ကျမယ်
တစ်ယောက်တည်း ဒုက္ခခံမယ်
တစ်ယောက်တည်း အပြစ်ဆပ်မယ်
တစ်ယောက်တည်း … …
… … … …
… …
အသက်မဲ့နေမယ် ~
ဒါပေမယ့် … … … …
ထာဝရ အသက်မဲ့နေရင်တော့
ကောင်းတာပေါ့
အခုတော့ … … … …
ကိုယ့်မှာ ____~}
မသေမရှင်အဖြစ်နဲ့ ဘဝဆိုတဲ့
ကြိမ်ဒဏ်အောက်မှာ ဒဏ်ရာလွင်ပြင်ရဲ့
ချို င့်ဝမ်းတွေနဲ့ သမုဒ္ဒရာကြမ်းခင်းထိ
မျက်ရည်ကျခဲ့ရတယ်
ဒါတွေမင်းကို မသိစေချင်လို့
အိပ်နေပါ … … ပျို မေ ။
ညမင်းကြယ်တံခွန်
( ;အဆင်ပြေရဲ့လား }
" အင်း … ပြေပါတယ်လို့ပဲ
အံ့ကြိတ်ခဲ့တယ်လေ ~
သူ့ကို ပြန်မေးချင်တယ်
ဘယ်ဘဝတွေကကော အဆင်ပြေသလဲပေါ့
ဘယ်ဒုက္ခတွေက ချို မြနေသလဲပေါ့
ဒီလိုပါပဲ . . . လေပြေရှူ ရင်း
မီးပုံထဲရောက်လိုက်
အချစ်ရေစင် ခပ်သောက်လိုက်နဲ့
အမောမပြေလဲ . . . . . .
လျှောက်ရမယ့်လမ်းက သေခြင်းဆိုတော့
ခပ်ပါးပါးလေးပဲ ကိုယ်တွန်းတိုက်တတ်ခဲ့ရတာပေါ့
ဒါတွေ မင်းကိုမသိစေချင်လို့
အိပ်နေပါ … … ပျို မေ ~
အချိန်တွေကို ကာလတွေက
စားသောက်ပြီးးးးးး
ကာလတွေကို ရာသီတွေက
ပြန်စားသောက်ကြတယ်
ရာသီတွေကို သက္ကရာဇ်တွေက
ပြာအဖြစ်နဲ့ မီးရှို့ ပစ်တယ်
အဲ့ဒီထဲမှာ လူသားတွေရဲ့
မျက်ရည်တွေနဲ့ ဖွဲ့စည်းထားတဲ့
သံယောဇဉ် အင်ပါယာကြီး
ဖျက်စီး ပြိုကွဲ ဝေးကွာ ခွဲခြင်းတွေ
အသက်မဲ့ခဲ့ကြတယ်လေ ~
တကယ်တော့ … … ပျို မေ
ကိုယ့်အသဲက အစိတ်စိတ်
ကြွေမွခဲ့တာမဟုတ်ဘူးးးးးး
တသိမ့်သိမ့် ငိုရှိုက်ဟစ်ကြွေးနေရင်း
ပြိုင်ဘက်မဲ့ အလွမ်းဘုရင်ဖြစ်ခဲ့ရတယ် ~
တစ်ယောက်တည်း မျက်ရည်ကျမယ်
တစ်ယောက်တည်း ဒုက္ခခံမယ်
တစ်ယောက်တည်း အပြစ်ဆပ်မယ်
တစ်ယောက်တည်း … …
… … … …
… …
အသက်မဲ့နေမယ် ~
ဒါပေမယ့် … … … …
ထာဝရ အသက်မဲ့နေရင်တော့
ကောင်းတာပေါ့
အခုတော့ … … … …
ကိုယ့်မှာ ____~}
မသေမရှင်အဖြစ်နဲ့ ဘဝဆိုတဲ့
ကြိမ်ဒဏ်အောက်မှာ ဒဏ်ရာလွင်ပြင်ရဲ့
ချို င့်ဝမ်းတွေနဲ့ သမုဒ္ဒရာကြမ်းခင်းထိ
မျက်ရည်ကျခဲ့ရတယ်
ဒါတွေမင်းကို မသိစေချင်လို့
အိပ်နေပါ … … ပျို မေ ။

Comments
Post a Comment