စဉ်းစား
ညမင်းကြယ်တံခွန်

မုန်တိုင်းဆိုလဲ မုန်တိုင်းလိုနေ
လေပြေဆိုလဲ လေပြေလိုသိမ်မွေ့
ပြုံးမယ်ဆိုလဲ  မရွဲ့နဲ့
မုန်းမယ်ဆိုလဲ ပြန်မလှည့်ကြည့်နဲ့
ပြီးဆုံးလို့လွန်လေသမျှ . . . . .
သနားတာတွေ  စာနာတွေ
ဂရုဏာတွေ  နောင်တတွေနဲ့
ပြန်ပြီး ဆေးဖော်စပ်မနေနဲ့
ငါ့အတွက်  ငရဲမီးတဖြာနဲ့
အဆိပ်ကုဋေ ကုဋာဖြစ်အုန်းတော့
ငါရဲ့ဘဝက သစ္စာရဲ့မြေတူးသမား
မေတ္တာရဲ့သင်္ချိုင်းကုန်းမှာ
ကြင်နာစွာ အိပ်စက်ခဲ့ရပြီလေ
မင်း သနားနေလို့
မင်း ဂရုဏာမျက်ရည်ရွာနေတော့ကော
ငါက  အိမ်မက်တခုကို
မြင်မက်နိုင်ပါ့အုန်းမလား { စဉ်းစား } ။

Comments

Popular posts from this blog