လွမ်းဦးတည်ရာမြေ
ညမင်းကြယ်တံခွန်
မနက်ဖြန်ကို . . .
ဘယ်သူအရင် ကြိုရောက်ဖူးလို့လဲ
မကွယ်ဝှက်တတ်တဲ့
ကိုယ် - ရင်ခွင်က
အရာအားလုံး လမ်းရှင်းထားပါတယ် ~
အလွမ်းသင့်နေတော့လဲ . . .
ပန်းလို ကြွေ ကြွေ
မင်း-မျက်ရည်တွေနဲ့
ကန္တရကို ဖန်ဆင်းသွားမှာ
စိုးထိတ်မိတယ် ~
မျက်ရည်ပန်းများပွင့်သလို
အဆိပ်လူးမြားက
ရင်ခွင်မှာ နေမွန်းတည့်
တစ်ရက်ရဲ့ဝေးကွာခြင်းလား
တသက်ရဲ့ဝေးခွာခြင်းလား
အနမ်းပေး သူရယ် ~
တကယ်ဆို တွေးဖူးခဲ့တယ်
တစ်နေ့ပြီး တစ်နေ့ကို
ကိုယ်က ကျော်ဖြတ်နေတာလား
ကိုယ့်ကို တစ်နေ့ပြီး တစ်နေ့က
ပြန်သတ်သွားတာလား လို့ပါ ~
အပြန်မဲ့ ခရီးမှန်း သိပေမယ့်
အချစ်ခရီးသည်
ကိုယ့် အတွက်တော့ . . .
မင်း မျက်လုံးမမှိတ်ထားသင့်ဘူး ~
ဖွင့်မပြော နူတ်မဆက်
မင်း - မျက်ရည်တစ်ပွင့်
ကောင်းကင်ဘုံ တင်ရုံနဲ့
ကိုယ်ရင်ခွင်ထဲက
တဲအိုကို . . .
မုန်တိုင်းမပေးသင့်ဘူး ~
မကြင်နာရတဲ့ ချစ်သူတစ်ရာထက်
မြတ်နိုးပြီးကြင်နာရတဲ့
ချစ်သက်လျာ တစ်ယောက်ကိုတော့
ဘယ်အက္ခရာတွေနဲ့မှ
ဝေးခြင်း (သို့) ပြီးဆုံးခြင်း
မရေးခြစ်ဘူးးး ~
သေရင် ခန္ဓာ မြေမှာမြုပ်လို့ရပေမယ့်
ညာဉ်စိတ် အစွဲအလန်းတခုကို
ဘယ်မြေက လက်ခံပြီး
ချူ ပ်ငြိမ်းခြင်းပေးနိုင်မှာမို့လို့လဲ ~
မီးတောင်ကြီး ကိုယ်အပေါ်ကို
ပြိုကျလာမှာ မကြောက်ဘူး
တခါတရံဆို . . . .
ကိုယ်က ဒီလောကရဲ့
ဧရာမ မီးတောင်ဖြစ်နေလို့ပါပဲ ~
ကိုယ်တို့နှစ်ယောက်
မရေရာ မသေချာတဲ့ကြားထဲက
အချစ်ကမ္ဗည်းရေးထိုးခဲ့ကြတယ်
အသစ်မရှိတော့ရင်
အဟောင်းဆိုတာ ဘယ်ကမ္ဘာ့မှာမှ
မပေါ်ပေါက်လာဘူး
မနက်ဖြန်ကို လှော်တတ်ပေးခဲ့ပြီး
ဒီနေ့ကို ကိုယ့်ရင်ထဲမှာ
ဘောင်ခတ်ထားမယ် ~
လာခဲ့ ချစ်သက်လျာ
သာနေတဲ့ လမင်းကို
ဖြာဝေသော အပြုံးနဲ့
ကိုယ်တို့နူတ်ဆက်ပြီး . . . .
ငြိမ့်သာသာလေး အိပ်စက်ကြမယ် ။
ညမင်းကြယ်တံခွန်
မနက်ဖြန်ကို . . .
ဘယ်သူအရင် ကြိုရောက်ဖူးလို့လဲ
မကွယ်ဝှက်တတ်တဲ့
ကိုယ် - ရင်ခွင်က
အရာအားလုံး လမ်းရှင်းထားပါတယ် ~
အလွမ်းသင့်နေတော့လဲ . . .
ပန်းလို ကြွေ ကြွေ
မင်း-မျက်ရည်တွေနဲ့
ကန္တရကို ဖန်ဆင်းသွားမှာ
စိုးထိတ်မိတယ် ~
မျက်ရည်ပန်းများပွင့်သလို
အဆိပ်လူးမြားက
ရင်ခွင်မှာ နေမွန်းတည့်
တစ်ရက်ရဲ့ဝေးကွာခြင်းလား
တသက်ရဲ့ဝေးခွာခြင်းလား
အနမ်းပေး သူရယ် ~
တကယ်ဆို တွေးဖူးခဲ့တယ်
တစ်နေ့ပြီး တစ်နေ့ကို
ကိုယ်က ကျော်ဖြတ်နေတာလား
ကိုယ့်ကို တစ်နေ့ပြီး တစ်နေ့က
ပြန်သတ်သွားတာလား လို့ပါ ~
အပြန်မဲ့ ခရီးမှန်း သိပေမယ့်
အချစ်ခရီးသည်
ကိုယ့် အတွက်တော့ . . .
မင်း မျက်လုံးမမှိတ်ထားသင့်ဘူး ~
ဖွင့်မပြော နူတ်မဆက်
မင်း - မျက်ရည်တစ်ပွင့်
ကောင်းကင်ဘုံ တင်ရုံနဲ့
ကိုယ်ရင်ခွင်ထဲက
တဲအိုကို . . .
မုန်တိုင်းမပေးသင့်ဘူး ~
မကြင်နာရတဲ့ ချစ်သူတစ်ရာထက်
မြတ်နိုးပြီးကြင်နာရတဲ့
ချစ်သက်လျာ တစ်ယောက်ကိုတော့
ဘယ်အက္ခရာတွေနဲ့မှ
ဝေးခြင်း (သို့) ပြီးဆုံးခြင်း
မရေးခြစ်ဘူးးး ~
သေရင် ခန္ဓာ မြေမှာမြုပ်လို့ရပေမယ့်
ညာဉ်စိတ် အစွဲအလန်းတခုကို
ဘယ်မြေက လက်ခံပြီး
ချူ ပ်ငြိမ်းခြင်းပေးနိုင်မှာမို့လို့လဲ ~
မီးတောင်ကြီး ကိုယ်အပေါ်ကို
ပြိုကျလာမှာ မကြောက်ဘူး
တခါတရံဆို . . . .
ကိုယ်က ဒီလောကရဲ့
ဧရာမ မီးတောင်ဖြစ်နေလို့ပါပဲ ~
ကိုယ်တို့နှစ်ယောက်
မရေရာ မသေချာတဲ့ကြားထဲက
အချစ်ကမ္ဗည်းရေးထိုးခဲ့ကြတယ်
အသစ်မရှိတော့ရင်
အဟောင်းဆိုတာ ဘယ်ကမ္ဘာ့မှာမှ
မပေါ်ပေါက်လာဘူး
မနက်ဖြန်ကို လှော်တတ်ပေးခဲ့ပြီး
ဒီနေ့ကို ကိုယ့်ရင်ထဲမှာ
ဘောင်ခတ်ထားမယ် ~
လာခဲ့ ချစ်သက်လျာ
သာနေတဲ့ လမင်းကို
ဖြာဝေသော အပြုံးနဲ့
ကိုယ်တို့နူတ်ဆက်ပြီး . . . .
ငြိမ့်သာသာလေး အိပ်စက်ကြမယ် ။

Comments
Post a Comment